(၃၅)

7.7K 494 31
                                    

[Unicode]

အိမ်ရှေ့ပန်းပင်တွေကြားက စားပွဲလေးမှာထိုင်ပြီး ကော်ဖီသောက်နေတုန်း သူလေးရောက်လာသည်။ ချစ်သူမျက်နှာနုနုငယ်လေးက နေရီ့ရဲ့နံနက်ခင်းလေးကို ပြီးပြည့်စုံသွားစေသည်။ ထိုင်နေသည့် နေရီ့ရဲ့နောက်ကနေ လည်တိုင်ကိုဖက်တွယ်လိုက်ကာ နှုတ်ခမ်းတွေဆီ အနမ်းဖွဖွခြွေပြီး

"မီး,လည်း ​ကော်ဖီသောက်မယ်..."

နေရီ့လက်ထဲက သောက်လက်စကော်ဖီခွက်ကို ယူကာသောက်လေသည်။ လှုပ်ရှားမှုတိုင်းမှာ သိပ်လှနေသော ချစ်သူလေးကိုငေးမောရင်း နေရီတစ်ယောက် မှင်သက်နေမိသည်။

"ဟိတ်... အဲ့လောက်ကြီး ကြည့်မနေနဲ့ကွာ.. လုပ်.. သွားဖို့ပြင်တော့.. ဝေလင်းတို့နဲ့ချိန်းထားတာ နောက်ကျနေလိမ့်မယ်.. အသွားမှာ မမလင်း,ဆီလည်း ခဏဝင်စရာရှိသေးတာကို.."

"ရေကို မချိုးရသေးဘူး..."

"အာ့ကြောင့်ပြောတာပေါ့... သွား.. မြန်မြန်ချိုး.."

နေရီ ရေချိုးခန်းကထွက်လာသည်နှင့် ဗီရိုထဲကအင်္ကျီတွေ တစ်ထည်ပြီးတစ်ထည်ကိုင်ကာ နေရီ့ကိုယ်မှာလာကပ်ကြည့်လိုက် ခွာကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေရှာပြန်သည်။

"ဘာလဲ.. ကလေးရဲ့"

"ဒီနေ့တစ်ရက်တော့ မ,ရဲ့ personal stylist လုပ်ခွင့်ပေး..."

ချစ်သူကို အစ်မဝမ်းကွဲနဲ့ တွေ့ပေးရမည်ဆိုတော့လည်း impression ကောင်းစေချင်မှာပေါ့လေ။ နေရီလည်း သူလေးစိတ်တိုင်းကျပြင်ဆင်ပေးမှုကို လက်ခံလိုက်သည်။ ရွေးချယ်ပေးလိုက်သည့် style က တကယ်ကို ရိုးရှင်းလွန်းသည်။ t-shirt အနက်ရောင်ကို အစိမ်းပုပ်ရောင် high-waist wide-leg pant ဖြင့် တွဲဖက်ဝတ်ဆင်စေခြင်းသာ။ ပုခုံးကျော်ကျော်သာရှိသောဆံနွယ်တွေကို အောက်ဖျားလေးတွေမှာ နည်းနည်းစီလိပ်ပြီးကောက်ပေးလိုက်ပြန်လေတော့ ပခုံးကျယ်ကျယ်ဖြင့် အရပ်အမောင်းအနည်းငယ်မြင့်သောနေရီ့သွင်ပြင်ကို ပိုမိုပေါ်လွင်သွားစေသည်။

"accessory က..."

နေရီ့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ စဉ်းစားနေလိုက်ပြီးမှ

"မ... နာရီတွေရော.."

သူ့ဘာသာမေးလည်းမေး နေရီ့အဖြေလည်းမစောင့်ဘဲ ဗီရိုအံဆွဲကိုဖွင့်ကာ နာရီရွေးပြန်သည်။

တိမ်တွေသီတဲ့ကြိုး(တိမ္ေတြသီတဲ့ႀကိဳး)Where stories live. Discover now