(၄၈)

4.1K 442 33
                                    

[Unicode]

"နေရီရေ.... အပင်တွေလာပို့တဲ့ကား အောက်မှာရောက်နေပြီနော်"

"ဪ..ဟုတ်ကဲ့အစ်မ လာပြီ လာပြီ"
"နံရံထောင့်က မှန်ဖြတ်စတွေသတိထားကိုင်ပြီး ဘူးခွံနဲ့ဖြစ်ဖြစ်သေချာထုပ်ပိုးပြီးမှလွှင့်ပစ်နော်.. အပေါ်မှာ သတိပေးစာလည်းရေးလိုက်ဦး"

"ဟုတ်ကဲ့ အစ်မ"

ဆိုင်အပေါ်ထပ်မှာ စားပွဲတွေနေရာချပြီး သန့်ရှင်းရေးလုပ်နေကြသည့် ဝန်ထမ်းလေးတွေကို သေချာမှာကာ အောက်ထပ်ကိုအပြေးဆင်းရပြန်သည်။ နေရီရောက်တော့ အပင်တချို့ပင် ကားပေါ်မှချပြီးနေပြီ။

"အစ်မ... အပင်တွေဘယ်နားထားပေးရမလဲခင်ဗျ ကျနော်တို့ တခါတည်း မ,ပေးခဲ့မယ်လေ"

​ပန်းအိုးအကြီးတွေလည်းပါသဖြင့် နေရီလည်းအားနာစွာပဲ နေရာချခိုင်းရတော့သည်။

"ဒီနှစ်အိုးက အပေါ်ထပ်ကိုသယ်ရမှာ... cactus အိုးအကြီးတွေကတော့ ဟိုဘက်နံရံမှာကပ်မယ်.."
"ကျန်တာတွေကတော့ ထားခဲ့လိုက်ပါ.. နောက်မှပဲ အစ်မတို့ဘာသာ ရွှေ့လိုက်ပါမယ်"

နေ့လည်လောက်ကျတော့ နေရီတို့ဆိုင်လေး ပြင်ဆင်လို့အတော်လေးပြီးသွားချေပြီ။ ဖွင့်ဖို့ကလည်း ရက်သိပ်မလိုတော့ဘူးလေ။

"kitchen အတွက်ကုန်ကြမ်းတွေ မှာထားပြီမလား..."

"ဟုတ်...မထွယ်နူး မှာတော့မှာထားပြီ တချို့အသေးအမွှားတွေတော့ လောလောဆယ် နေရီကိုယ်တိုင်ပဲ သွားရှာဝယ်မလားလို့.."

"ဖွင့်ပွဲနေ့အတွက် kitchen ကို အစ်မနဲ့ ကလေးတွေပဲ တာဝန်ယူလိုက်မယ်နော်..နေရီက ဧည့်ခံဖို့ပဲ တာဝန်ယူ"

"ဟုတ်ကဲ့ပါ.. မထွယ်နူးကိုပဲ အားကိုးမယ်နော်.."

"အဲ... မီးသတ်ဘူးတွေရော"

"မနက်ဖြန် သွားဝယ်မယ်လေ"

"ဖိတ်စာက..."

"နောက်နှစ်ရက်နေရင် ရမယ်..."

နေရီ လက်ကျန် cola လေးကိုယူသောက်လိုက်ရင်း

"ဟူး..... အဆင်ပြေမှာပါနော့"

မထွယ်နူးက နေရီ့ကိုကြည့်ကာပြုံးလိုက်ရင်း

"ပြေမှာပါ... အကောင်းဆုံးကြိုးစားထားတာပဲလေ"

တိမ်တွေသီတဲ့ကြိုး(တိမ္ေတြသီတဲ့ႀကိဳး)Where stories live. Discover now