[Unicode]
"🎶.....🎶....."⏰
နာရီနှိုးစက်သံကြောင့် နိုးလာခဲ့ရသည်။ နေရီကိုယ်တိုင်ပဲ မနက်(၆)နာရီခွဲအတိမှာ အိပ်ရာထနိုင်ဖို့ alarm ပေးထားခဲ့သည်လေ။ ခါတိုင်းလို အိပ်ရာထဲမှိန်းမနေနိုင်ဘဲ ရေချိုးခန်းထဲအပြေးဝင်ကာ ရေချိုးရတော့သည်။ ဒီနေ့တော့ နောက်ကျလို့မဖြစ်ချေ။
"ဦးလေး... ရှေ့နားလေးပဲရပ်ပေးပါနော်"
taxi ကို အိမ်ရှေ့မရောက်ခင်မှာပဲ ရပ်ခိုင်းကာ ဆင်းလိုက်သည်။ အိမ်ထဲကိုလှမ်းကာကြည့်လိုက်ပြီး သူလေးရဲ့ကားရှိနေသေးတာတွေ့မှ သက်ပြင်းလေးချမိသည်။
စောင့်မျှော်နေရသည့်အတွက် အချိန်တွေက ကုန်ခဲလှသည်ဟုထင်မှတ်ရသည်။ နာရီကိုကြည့်လိုက်သည်။ (၁၅)မိနစ်လောက်တော့ရှိပြီ။ သူများအိမ်ရှေ့ ယောင်လည်လည်ရပ်စောင့်ရင်း နာရီပြန်ကြည့်မိပြန်တော့ မိနစ်(၄၀)ခန့် ကြာသွားချေပြီ။ ဒီနေ့ shooting သွားဖြစ်ရဲ့လားမသိ။ ဒါမှမဟုတ် ဒီကလေး နေမကောင်းများဖြစ်နေလေသလား။
ခြံတံခါးဖွင့်သံကြောင့် လှမ်းကြည့်လိုက်တော့ သူလေးရဲ့ကားက ဖြည်းညင်းစွာမောင်းထွက်လာသည်။ ကားထဲကိုကြည့်ကာ မျက်နှာလေးမြင်လိုက်ရသည့်အခါမှ စိတ်ပူနေသမျှ အနည်းငယ်သက်သာသွားရသည်။ ရပ်စောင့်နေသည့်နေရီ့ကို ကျော်မသွားခင် ကားရှေ့ရပ်ကာ တားလိုက်သည်။ ထင်မှတ်မထားသည်မို့ အနည်းငယ်ထိတ်လန့်သွားမည်ထင်သည်။ ကားဘရိတ်ကို အချိန်မီနင်းလိုက်ပြီး အံ့အားသင့်မျက်ဝန်းတို့ဖြင့် နေရီ့ကိုကြည့်နေရှာလေသည်။ ထို့နောက် ကားပေါ်မှ နွယ်ဦးဆင်းလာပြီး
"အစ်မနေရီ... မမငယ်လေးက ဖယ်ပေးတဲ့"
နေရီ သူလေးကိုပြန်ကြည့်လိုက်တော့ ရှုတည်တည်ရုပ်ဖြင့် နေရီ့ကိုကြည့်နေလေသည်။ ဘာတွေဖြစ်နေပြန်သည် မသိ။
"မဖယ်ဘူးလို့ ပြောလိုက်..."
နွယ်ဦးက
"ကားပေါ်တက်ပြီး မြန်မြန်ချော့လိုက်လေ... စိတ်ကောက်နေတာထင်တယ်"
"ဟုတ်လား..."
"အစ်မ ဘာလုပ်မိလို့လဲ..."နွယ်ဦးကိုမေးကာ နေရီကိုယ်တိုင်လည်းအဖြေရှာရင်း ကားတံခါးကိုဖွင့်လိုက်သည်နှင့်