[Unicode]
ညစာစားပြီးကတည်းက လွန်းတစ်ယောက် မိသားစုနှင့် TV ပင်ထိုင်မကြည့်နိုင်ဘဲ အခန်းအောင်းကာ အလုပ်လုပ်နေရသည်။ အထွေအထူးတော့မဟုတ်သော်လည်း Singapore brand တစ်ခုက new arrival ဖိနပ်လေး(၂)ရံ လက်ဆောင်ပို့ပေးလာသဖြင့် ဒီဖိနပ်လေးတွေကို ဘယ်လိုအဝတ်အစားတွေနှင့်တွဲဖက်ပြီး ဘယ်လို styling လုပ်ရကောင်းမလဲဆိုတာလေး။ ပြီးလျှင် လွန်းရဲ့ facebook page လေးမှာတင်မည်။ တစ်နေ့တခြား လွန်းရဲ့ page လေးမှာ follower အရေအတွက် အမြောက်အများတိုးလာသလို stylist တစ်ယောက်အဖြစ် ပိုမိုအသိအမှတ်ပြုခံလာရပြီဖြစ်သည်။ အထူးသဖြင့် ခေတ်လူငယ်တွေကြားမှာ မြတ်လွန်းမီသည် stylist တစ်ယောက်ဟု လက်ခံလာကြသည့်အပေါ် ခံစားရသည့်ပီတိသည် အလွန်တရာပင်ချိုမြိန်လှသည်။
"🎶.....🎵...🎶....🎵..."📱
contact name ကိုကြည့်ပြီး ပြုံးမိသွားရသည်။ ဘယ်သူရှိမလဲ။ လွန်းရဲ့ချစ်သူ မ,ဆီကပေါ့။
"မ..."
"ကလေး... အိမ်ရှေ့ခဏထွက်ခဲ့မလား"
မ,ရဲ့စကားကြောင့် လွန်းအံ့သြသွားရသည်။ ဘာလဲ။ ဒီအချိန်ကြီး လွန်းတို့အိမ်ရှေ့မှာ ရောက်နေတာလား။ ဝရန်တာကိုအပြေးထွက်ကြည့်တော့ မ,ရဲ့ကားလေးက အိမ်ရှေ့မှာရပ်လျက်သား။ ပါးလွှာသည့်ညဝတ်အကျႌအပေါ် ဆွယ်တာပါးလေးထပ်ဝတ်လိုက်ပြီး အောက်ထပ်ကိုအပြေးဆင်းခဲ့ရသည်။
"ဟဲ့... မီးငယ်လေး ဘယ်သွားမလို့လဲ"
လွန်းရဲ့ပျာပျာသလဲနိုင်မှုကြောင့် TV ကြည့်နေသည့် မေမေကပင် အလန့်တကြားမေးယူရသည်။ ဖေဖေ၊ မမကြီး၊ နွယ်ဦးနှင့် ပိုးအိတို့ရဲ့အကြည့်တွေကလည်း TV ကနေ လွန်းဆီရောက်လာကြသည်။
"ဟို... အိမ်ရှေ့မှာ မ..အဲ... မနေရီရောက်နေလို့"
"ဒီအချိန်မှဆိုတော့ ဘာများဖြစ်လို့လဲ"
မမကြီးက စိတ်ပူစွာဝင်မေးသည်။
"အဲ့လိုမဟုတ်ပါဘူး... ဒီအတိုင်း ပြော... ပြောစရာရှိလို့တဲ့"
"အဲ့လိုဆိုလည်း သူငယ်ချင်းကို အိမ်ထဲခေါ်လိုက်လေ သမီးငယ်ရဲ့"
"ဟုတ်... ဖေဖေ"
မ,က ကားကိုမှီကာရပ်နေရင်း လွန်း အိမ်ထဲကထွက်အလာကို စောင့်နေလေသည်။ t-shirt အနက်ရောင်နှင့် မီးခိုးရင့်ရောင် jeans ကိုတွဲဖက်ဝတ်ဆင်ထားပြီး အပေါ်မှ အနက်ရောင် lather jacket ကိုထပ်ဝတ်ထားသည့် style က မိမိုက်နေသဖြင့် တစ်နေရာရာကပြန်လာတာဖြစ်ရမည်။ ခြံတံခါးကိုဖွင့်ကာ လွန်းအပြင်ရောက်သည်နှင့် အမှောင်ရိပ်ကျသည့်နေရာကိုဆွဲခေါ်ခံရပြီး တရှိုက်မက်မက်အနမ်းတို့ကို လက်ခံရရှိလိုက်သည်။ ချိုမြိန်ခါးသက်သည့်အရသာကို မ,ရဲ့နှုတ်ခမ်းတွေဆီကတစ်ဆင့် ခံစားရလိုက်သဖြင့် ရုန်းထွက်သော်လည်း မရ။ မ,ရဲ့အနမ်းတွေက ခါတိုင်းလိုနူးညံ့မနေဘဲ အနည်းငယ်အရိုင်းဆန်နေသည်။ ခဏအကြာ မ,က အနမ်းတွေကိုရပ်တန့်လိုက်တော့မှ လွန်းမှာ အသက်ဝဝရှူလိုက်ရင်း