(၂၉)

8.2K 589 46
                                    

[Unicode]

နေရီ အလုပ်ကပြန်ရောက်ပြီးနောက် ပျင်းပျင်းရှိသဖြင့် အိမ်ထဲကအပင်လေးတွေကို ရေဖြန်း၊ သန့်ရှင်းရေးလုပ်နေမိသည်။ ရွှေလာငွေလာပင်လေးရဲ့ အရွက်စိမ်းနုနုလေးတွေကို ရေမြှုပ်လေးဖြင့်အသာအယာတိုက်ချွတ်ပြီး သန့်ရှင်းရေးလုပ်နေတုန်းမှာ

"🎶.....🎵...🎶....🎵..."📱

VVIP လေးဆီက အခေါ်တော်ဆင့်လာသဖြင့် လုပ်လက်စလေးတွေပစ်ထားကာ ဖုန်းကိုင်လိုက်ရသည်။

"မ... အိမ်မှာလား"

"ဟုတ်တယ်လေ... ကလေး"

"မီး,လာခဲ့မယ်..."

"photo shoot က ပြီးသွားပြီလား..."

"ပြီးသွားပြီ... အခု နွယ်ဦးကို အိမ်ပြန်လိုက်ပို့နေတယ် ပြီးရင်... မ,ဆီလာခဲ့မယ်"
"မ..."

"အွန်း..."

"မီး,ဗိုက်ဆာလို့ တစ်ခုခုလုပ်ကျွေး"

"ခုထိ နေ့လယ်စာမစားရသေးဘူးလား... (၃)နာရီတောင်ထိုးတော့မယ်"

"စားပြီးပြီလေ... ဒါမယ့်... ဗိုက်ကပြန်ဆာလာလို့"

"မသိပါဘူး... နေ့လယ်စာမစားဘဲ အလုပ်လုပ်နေခဲ့တာလားလို့ ဆူမိတော့မလို့"

"ဟွန်း... သိသားပဲ အကြီးတွေများ အာဏာပြဖို့ပဲသိတယ်"

သေချာသည်။ အခုနေ အဲ့ကလေးလေး နှုတ်ခမ်းလေးထော်နေမည်မှာ။

"အလုပ်ကအပြန် စျေးဝင်ဝယ်ခဲ့တာနဲ့အတော်ပဲ ဘာစားချင်လဲကလေးလေး... pasta လုပ်ကျွေးရမလား..."

"အွမ်း... ကြိုက်တယ် ကြိုက်တယ်"

"အိုခေ... bacon or salmon"

"salmon..."

"spaghetti or capellini..."

"အင်း... spaghetti"

"ဟုတ်ပြီ... ကလေးရောက်တာနဲ့ အဆင်သင့်ဖြစ်နေစေရမယ်... ကားကိုဂရုစိုက်မောင်းဦးနော်"

"ဟုတ်... love u...မ"

"love u more... babe"

ဖုန်းချလိုက်သည်နှင့် မီးဖိုခန်းထဲဝင်ခဲ့ကာ pasta ချက်ဖို့ပြင်ဆင်ရတော့သည်။ အရင်ဦးဆုံး ခေါက်ဆွဲဖြောမည့်အိုးထဲ ရေထည့်ကာ မီးဖိုပေါ်တည်ထားလိုက်သည်။

တိမ်တွေသီတဲ့ကြိုး(တိမ္ေတြသီတဲ့ႀကိဳး)Where stories live. Discover now