(၃၄)

6.4K 502 12
                                    

[Unicode]

"ဟုတ်ကဲ့... နောက်တစ်ခါကျမှပဲ လိုအပ်တဲ့စာရွက်စာတမ်းတွေ စုံအောင်ယူလာခဲ့လိုက်တော့မယ်"

"ဟုတ်ကဲ့ပါခင်ဗျာ... နောက်တစ်ပတ်ထဲ အစ်မအားတဲ့အချိန်လာခဲ့ပါ... အစစအရာရာအဆင်ပြေအောင် ကူညီပေးပါ့မယ်"

"ဟုတ်... ဒါဆို ခွင့်ပြုပါဦးနော်"

"ဟုတ်ကဲ့ပါ..."

သူငယ်ချင်းဖြစ်သူ,သူရအောင် မိတ်ဆက်ပေးသည့် ဘဏ်ရဲ့တာဝန်ရှိသူနှင့် ဆွေးနွေးပြီး ရုံးခန်းကထွက်လာတော့ နေ့လယ်(၁၂)နာရီထိုးတော့မည်။

"သူရ... ထမင်းစားနားချိန်ရောက်တော့မယ်ရော... ငါနဲ့ အပြင်မှာလိုက်စားပါလား..."

"အင်း... ငါ့ရုံးခန်းမှာ လုပ်စရာအလုပ်ရှိနေမလား ကြည့်လိုက်ဦးမယ်"

သူရက သူ့ရုံးခန်းထဲ နေရီ့ကိုပါခေါ်သွားကာ

"လာ... ဒီမှာ ခဏထိုင်စောင့်"

နေရီ့ကိုထိုင်စောင့်ခိုင်းပြီး သူ့စားပွဲပေါ်က ဖိုင်တစ်ထပ်ကို ဖတ်လိုက် လက်မှတ်ထိုးလိုက်ဖြင့် အလုပ်လုပ်နေလေသည်။ ဝန်ထမ်းညီမလေးတစ်ယောက်က ရေနွေးကြမ်းတစ်ခွက် ဧည့်ခံသဖြင့် ထိုင်သောက်ရင်း စောင့်နေရတော့သည်။

"🎶.....🎵...🎶....🎵..."📱

ရုံးခန်းအပြင်ဘက်ကို ထွက်လိုက်ပြီးမှ

"အွမ်း... ကလေး"

"မ... ဘဏ်ကိစ္စပြီး သွား ပြီ လား..."

"အော... ခုပဲပြီးတာ"

"အာ့ဆို... မီး,ကိုလာခေါ်ပါ.. နေ့လယ်စာကျွေး.. ပြီးရင် nail spa လိုက်ပို့နော်... သိလား... မီး,လက်သည်းလေးကျိုးသွားလို့ ဝမ်းနည်းနေတာ..."

အသံဩဩလေးဖြင့်ချွဲနေသော ချစ်သူလေးကြောင့် နေရီ့နှုတ်ခမ်းတွေပြုံးမိသွားရသည်။ ချစ်ဖို့ကောင်းလွန်းသည်လေ။

"အယ်..ဟုတ်လား... သနားပါတယ် မ,ရဲ့ကလေးလေး"
"ဘယ်လိုဖြစ်ပြီး ကျိုးသွားတာလဲ.. ကလေးရဲ့"

"နက်ဖြန် photo shoot တစ်ခုရှိတာလေ... အာ့... မမိုးတို့ဆိုင်မှာ အင်္ကျီသွားရှာရင်း အင်္ကျီတစ်ထည်ရဲ့ဇစ်နဲငြိပြီး ကျိုး သွား တာ..."

တိမ်တွေသီတဲ့ကြိုး(တိမ္ေတြသီတဲ့ႀကိဳး)Where stories live. Discover now