[Unicode]
အိပ်ပျော်နေရာမှနိုးနိုးချင်း ခန္ဓာကိုယ်ပေါ်ကလေးလံမှုကိုခံစားမိသဖြင့် မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ စောင်အထူကြီး(၂)ထည်က လွန်းရဲ့ခန္ဓာကိုယ်သေးသေးပေါ်လွှမ်းခြုံထားသည်။ အိမ်ဝန်းထဲမှာတော့ မင်္ဂလာဆောင်အတွက်ပြင်ဆင်နေကြသည့်အသံတချို့ ကြားနေရသည်။ ဘေးနားကိုကြည့်လိုက်တော့ မ,မရှိတော့။ ခေါင်းအုံးဘေးကဖုန်းကိုယူကာ နာရီကြည့်လိုက်သည်။ မနက်(၅)နာရီ။ အရင်ရက်တွေက အိပ်ရေးပျက်၊ ခရီးပန်းသည့်ဒဏ်တွေကြောင့် မနေ့ညက အစောကြီးအိပ်ပျော်သွားခဲ့ရသည်။ အိပ်ရာထက်အကြောဆန့်နေတုန်းမှာပဲ အခန်းတံခါးဖွင့်သံတိုးတိုးနှင့်အတူ
"နိုးနေပြီလား..."
မျက်နှာသစ်ပြီးစ မ,ရဲ့မျက်နှာကြည်ကြည်လေးကိုမြင်ရတာ အေးချမ်းလိုက်တာ။
"အွမ်း..."
"နိုးနေလည်း အိပ်ရာထဲမှာပဲနေဦး... အပြင်မှာအေးတယ်"
"မင်္ဂလာဆောင်ရှိသေးတယ်လေ..."
"(၈)နာရီမှစမှာ ပြီးတော့...ဒီအိမ်ဝန်းထဲမှာပဲလုပ်မှာ"
"(၆)နာရီခွဲလောက်မှထ တော်ကြာ... အအေးမိပြီး နှာစေးဦးမယ်"မ,ရဲ့စကားအဆုံးမှာ လွန်း တကယ်ကိုကြည်နူးရပြန်သည်။ လွန်းက နည်းနည်းလေးအအေးမိတာနှင့် နှာစေးတတ်သည့်အကြောင်း မ,သတိရသေးသားပဲ။
"မ..."
"ဟင်..."
မျက်နှာသုတ်နေရင်း မ,ကထူးသည်။
"ဘာလုပ်စရာရှိလို့အစောကြီးထ..."
"ဘာမှလုပ်စရာမရှိပါဘူး... အပြင်ကအသံတွေကြောင့် ဆက်အိပ်မရတော့တာနဲ့ မျက်နှာထသစ်လိုက်တာ..."
"မ..."
ဒီတစ်ခါတော့ မ,က လွန်းကိုလှည့်ကြည့်လာကာ ဘာလဲဆိုသည့်သဘောဖြင့် မျက်ခုံးလေးနှစ်ဖက်ပင့်ပြသည်။ လွန်းလည်း အိပ်ရာကိုလက်ဖြင့်ပုတ်ပြပြီး
"ဒီမှာလာထိုင်..."
မ,က ပြုံးသည်။
"နေရီ... သမီး"
အခန်းအပြင်က အန်တီနန်းရဲ့ခေါ်သံကြောင့် မ,က တံခါးကိုခပ်ဟဟလေးသာဖွင့်လိုက်ပြီး