Unicode...
ကလေးက ငါ့ကိုနမ်းလိုက်တယ်...ကလေးက ငါ့ကိုနမ်းလိုက်တယ်...ကလေးက ငါ့ကိုနမ်းလိုက်တယ်...
"အားးးးး"
"ကျစ်...ဒီကောင်တော်တော်ဖြစ်နေပြီနေမှာ" (မြတ်သူ)
"ဟမ့်...ပါးလေးနမ်းခံရတာကို ဖြစ်ပျက်နေတယ်...ငါ့လို နှုတ်ခမ်းကိုနမ်းခံရရင် တတ်သွားမလားပဲ" (သော်ကြီး)
** အဲဒီအချိန် တေဇောက ဇေမင်းတို့အိမ်သွားပြီး တိတ်တဆိတ်တွေ့တယ်။ **
"ဇေမင်းနိုင်...မင်းတော်တော်ဖြစ်နေတာဟုတ်လား...အဖေ့သိက္ခာလေးဘာလေး ထောက်ဦးမှပေါ့"
"ဘာလဲ...ကိုယ့်ဘာသာကြိုက်လို့နမ်းတာ ဘာဖြစ်လဲ"
"မင်းကြိုက်တာဘယ်လိုလူစားမျိုးလဲ သိလား"
"မသိချင်ပါဘူး...ကိုကြီးဝဏ္ဏကိုကြိုက်တယ် ဒါပဲ"
"တယ်...ဒီကောင်လေး လုပ်လိုက်ရ...အသက်ကဖြင့် လက်တောင့်လောက်နဲ့"
"အဲလက်တောင့်က အစ်ကို့ထက်အများကြီးသိတယ်"
ဒီကလေးပြောလေကဲလေပါလား။
"ငါလက်ပါမိတော့မယ်နော်...မင်းဆယ်တန်းအောင်အောင်အရင်လုပ်စမ်း"
"စိတ်ချ...ဂုဏ်ထူးတွေပါ ပါမှာလေ"
ဟက်...mangaစာအုပ်နာမည်မေးတဲ့quizမှာလား။ ကလေးနဲ့ပြိုင်မဖြစ်ချင်တော့တာမို့ ထုတ်မပြောတော့ပါဘူး။
"ဒါနဲ့လေ ကိုမီးဓါတ်...ကိုကြီးဝဏ္ဏက မန်းလေးဘယ်နားမှာနေတာလဲဟင်...ကိုကြီးအိမ်နဲ့နီးတဲ့တက္ကသိုလ်မှာ လျှောက်မလို့"
ဟူး...ခေတ်ကာလ သားသမီးတွေများမလွယ်ပါလား။ အင်း...ကျွန်တော်လည်း ခေတ်ကာလသားပါပဲ။ ဒီကောင့်ထက်တော့ စောထွက်လာခဲ့တာပေါ့။
"ဒီကောင်က အိမ်မရှိယာမရှိ...သူငယ်ချင်းအိမ်တွေမှာ ကပ်နေတာ"
"ဒါဆိုကောင်းတာပေါ့...မန်းလေးမှာကျောင်းလာတက်ရင် ဖေဖေ့ကိုအိမ်သေးသေးလေးဝယ်ခိုင်းရမယ်...အဲမှာကိုကြီးနဲ့နေမယ် အဟိ"
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...