Unicode...
ဒီနေ့က နှစ်ဆန်းတစ်ရက်နေ့...
အချိန်က ည၈နာရီ...မနက်ပိုင်း ရပ်ကွက်က အန္တရာယ်ကင်း ပရိတ်တွေရွတ်ဖတ်ပြီးစီးတဲ့အထိ ကျွန်တော်တို့ခြောက်ယောက်အပြင် ငထူးနဲ့ဇေမင်းနိုင်ပါ အတူတူကူညီပေးကြတယ်ရယ်။ ညရောက်တော့ နှစ်ဟောင်းကအညစ်အကြေးတွေ နှစ်သစ်ဆီပါမလာဖို့ ခပ်ပြင်းပြင်း ဝီစကီလေးတွေနဲ့ မျှောချကြတယ်ပေါ့။
ဝဏ္ဏကတော့ မပါဘူးဗျ။ သူ့ကလေးက သောက်တာမကြိုက်ဘူး...။ ကိုကြီးသောက်ရင် ကလေးပါသောက်မယ်ဆိုပြီး ဂျစ်ကန်ကန်လုပ်တာနဲ့ အငတ်ကြီးဖြစ်သွားတယ်ပေါ့။ ကျွန်တော်အဲဒါပြောချင်တာ။ ချစ်သူရည်းစားထားမယ်ဆို အသွင်တူမှ တော်ခါကျမှာ။ အခုပဲ ကျွန်တော်တို့နဲ့ အဲနှစ်ကောင်ကို ယှဉ်ကြည့်လိုက်စမ်းပါ။ ကျွန်တော်ရယ် သော်ကြီးရယ် တစ်ယောက်ခွက်ကိုတစ်ယောက်ငှဲ့ပေးနေချိန် ဒင်းကတော့ ကလေးထိန်းနေရတယ် ခွိ။
အဲဒီကလေးဘက်က စိတ်ပါရင်ရသားပဲ။ ဥပမာပေါ့နော်။ ကိုကြီးကဝီစကီသောက် ကလေးက ကိုလာသောက်မယ်ဆိုလည်း အဆင်ပြေတာပဲ ဟုတ်တယ်မလား။ အဲဒါမျိုးကမှ စိတ်တူကိုယ်တူလို့ခေါ်တာ။ ဟော...ဦးတာနဲ့ ခခကိုလည်းကြည့်။ ရဲမှူးလည်းဖြစ် သက်လတ်ပိုင်းလူကြီးတစ်ယောက်လည်းဖြစ်ပေမဲ့ ခခကသောက်ချင်တယ်ဆို စိတ်ချလက်ချနဲ့လွှတ်ပေးတယ်တွေ့လား။ အဲ...တစ်ခုတော့ရှိတာပေါ့။ အချိန်မှန် အိမ်ပြန်ရမှာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဟိုအတွဲထက်တော့ အသာကြီးပါ။
အသက်ပြည့်ပြီးသား လူတစ်ယောက်ရဲ့လွတ်လပ်ခွင့်ကို ကလေးတစ်ကောင်က လိုက်ပိတ်ပင်နေတာကို ပြုံးပြုံးကြီးခံနေတဲ့ ဝဏ္ဏဆိုတဲ့ကောင် ငအ။ အချစ်ကြောင့်တွေ အနှစ်ကြောင့်တွေ မပြောနဲ့နော်။ ဒီကောင်သာ ဟိုကလေးကို ကောင်းကောင်းမွန်မွန်နားချနိုင်ရင် ခုနကျွန်တော်ပြောသလို နှစ်ဦးနှစ်ဖက်လုံးအကျိုးရှိတယ်ရယ်။ သနားလွန်းပေမဲ့ ဦးနှောက်မရှိလွန်းလို့ ဘာမှပြောပေးမနေတော့ဘူး။ လွှတ်ထားလိုက်တယ်။ အခုလည်း သူများအခန်းထဲမှာ ဗီဒီယိုကောခေါ်ပြီး မွှန်နေတယ်လေ။ ဩ...ဟိုကလေးကပြောသေးတယ်။ မသောက်ဘူးဆိုတာသေချာအောင် တစ်ညလုံးခေါ်ထားရမယ်တဲ့။
![](https://img.wattpad.com/cover/247796736-288-k739894.jpg)
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...