Unicode...
ဘုန်းသော်ဇင်တဲ့...ချစ်ဖို့ကောင်းလိုက်တဲ့နာမည်...
ကျွန်တော်စောင့်နေမိတယ်။ ခရီးကပြန်လာရင် ကျွန်တော့်ကိုလာတွေ့မယ်တဲ့။ မတ္တရာဘက်သွားတယ်ဆိုပဲ။ ဘယ်နှရက်ကြာမယ်လည်းပြောမသွားဘူး။ ကျွန်တော်တော့ အက်ဆီးဒန့်ဖြစ်ပြီး နောက်ရက်အိမ်ရောက်တည်းက အမေကအလုပ်မသွားခိုင်းတော့ဘူး။ တစ်ပတ်လောက်နားပါတဲ့။ ဟုတ်ပါတယ်။ လက်ကျိုးကြီးနဲ့လည်းဆိုင်ကယ်မောင်းမရဘူးလေ။ ဟိုရောက်လည်း ဘောပင်ကိုင်လို့မှမရတာ။ အဲတော့ခွင့်တိုင်ရတော့တာပေါ့။
ဟိုတစ်နေ့က မှိုင်းမိပြီး ပြောမိပြောရာနဲ့ သော်ကြီးကို အလုပ်သွားမယ်တွေဘာတွေပြောလိုက်မိတာ။ စိတ်ပူမလားလို့။ တကယ်က မသွားနိုင်ပါဘူး။ အဲနေ့ကလည်း မြတ်သူလိုက်ပို့လို့ ချောချောမွေ့မွေ့ပြန်ရောက်လာတာ။ အဖြစ်က တက္ကစီတောင်တားမစီးနိုင်ဘူးရယ်။ မြတ်သူဆိုတဲ့ကောင်က အင်မတန်မှ ဆိုင်ကယ်ပြင်ကျွမ်းတယ်။ ဝပ်ရှော့မှာများ လုပ်ဖူးလားမသိပါဘူး။ အခုလည်းဆိုင်ကယ်စုတ် ပြန်ကောင်းသွားပါပြီ။
အိမ်ရောက်ရောက်ချင်း တတ်နိုင်သမျှ မျက်နှာကိုရွှင်ရွှင်ထားပေမဲ့ မွေးသမိခင်က စိုးရိမ်တကြီးဆူတယ်။ ဒါတောင် မျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်လေးတွေ နည်းနည်းပါးပါးပျောက်သွားလို့။ အလုပ်နားနေတုန်း အိမ်မှာ နားနားနေနေ နေရမယ်မထင်လေနဲ့ဗျ။ ပထွေးက တဆူဆူ တပူပူနဲ့မို့ အခန်းတွင်းအောင်တောင် မနေနိုင်ဘူး။
အဲဒါနဲ့ ညနေခင်းများဆို ရပ်ကွက်ထဲ ကလေးဗိုလ်လုပ်၊ လမ်းထိပ်က လက်ဖက်ရည်ဆိုင်သွားနဲ့ အချိန်ဖြုန်းရတာပေါ့။ အင်း...တစ်ခါတလေတော့လည်း ပထွေးတော်အပြင်ထွက်ရင် ကိုယ်က အိမ်ထဲနေရုံပေါ့။ ဒီနေ့လည်း ခါတိုင်းလို လက်ဖက်ရည်ဆိုင်ထိုင်ပြီး ပြန်အလာ လမ်းထိပ်မှာ ကျွန်တော့်ရဲ့ဘယ်လက်ကို ဆွဲခံလိုက်ရတယ်။
စစချင်းတော့ လန့်သွားပေမဲ့ ဆွဲခေါ်ရာနောက် ပါသွားတာပါပဲ။ တခြားသူမှမဟုတ်တာ။
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...