Unicode...
ကျွန်တော် ခုရက်ပိုင်းစိတ်ညစ်နေခဲ့တယ်။ အမေကျွန်တော့်ကို မျက်နှာချင်းမဆိုင်ဘူး။ သော်ကြီးကတော့ အားပေးရှာပါတယ်။ သဘောမတူရင် ခိုးပြေးမယ်တဲ့။ စိတ်ညစ်နေတဲ့အချိန်တွေ ဒီကောင်ပေါတောတောလုပ်ပြနေတာနဲ့ပဲ ညစ်ရကောင်းမှန်းကိုမသိတော့ဘူး။ တစ်နေ့ကျ သူလက်ခံပေးမှာပါတဲ့။ သော်ကြီးနဲ့မိတ်ဆက်ပေးမိတာ မှားပြီလားမသိဘူး။ အလုပ်လုပ်ရတာလည်း စိတ်မပါတပါ။ ကျွန်တော်လည်း ဘဝကိုကျွန်တော်ချစ်တဲ့သူတွေနဲ့ဖြတ်သန်းချင်တယ်။
သောကြာနေ့ ညနေတစ်ခု~~~
"သား အမေပြောစရာရှိတယ် ဝင်ခဲ့မယ်"
"ဟုတ် အမေ"
ကျွန်တော် အလုပ်ကပြန်ရောက်ရောက်ချင်း နားနေတုန်း အမေဝင်လာတာနဲ့ လှဲနေရာက ထထိုင်လိုက်တယ်။
"အမေ့ကို စိတ်ဆိုးနေတာလား"
"မဆိုးပါဘူး...သား စိတ်မကောင်းဖြစ်မိတာပါ"
"အမေ့ကိုနားလည်မှုလွဲနေတာပဲ ငါ့သားက... အမေ သားကိုရော သားကောင်လေးကိုရော လက်မခံတာမဟုတ်ပါဘူး... သားက ဘယ်လိုဘယ်ပုံဖြစ်ဖြစ် အမေ့သားပါ... သားရဲ့ဖြစ်တည်မှုကို လက်မခံတာမဟုတ်ဘူးသား...အမေစိုးရိမ်သွားတာ... ငါ့သားလေးက ဒီလိုဒီပုံဆိုတာ လောကကြီးကသိသွားရင် ကဲ့ရဲ့ကြမလား...မနှစ်မြို့နဲ့အကြည့်တွေနဲ့ကြည့်ကြမလား...ဒီဒဏ်တွေကိုရော သားလေးခံနိုင်ပါ့မလားဆိုတာတွေ အမေစိုးရိမ်တာ... ပြီးတော့ အမေ့ကိုဖွင့်မပြောဘဲ ဒီနှစ်တွေအတွင်းမှာ ပတ်ဝန်းကျင်က ရိုက်ခတ်မှုဒဏ်တွေ ငါ့သားလေး တစ်ယောက်တည်း ကြိတ်ခံစားနေမလားဆိုတဲ့စိတ်နဲ့ အမေကိုယ်တိုင် တာဝန်မကျေသလိုခံစားရတယ်သား... ဘာလို့ စောစောမပြောခဲ့လဲ ဟင်"
ဒါဆို အမေက ကျွန်တော့်ကိုလက်ခံပေးတယ်ဆိုတဲ့သဘောပေါ့။
"သား ကြောက်နေခဲ့တာ"
"သားရယ်....အမေ ဒါတွေတွေးပြီးစိုးရိမ်လို့ သားကိုတောင် စကားမပြောနိုင်ခဲ့တာ... ဒါပေမဲ့လေ နောက်တစ်ခုတွေးကြည့်လိုက်တော့ အခုသားက တစ်ယောက်တည်းမှမဟုတ်တော့တာ... သားရဲ့လက်ကိုတွဲပြီး အတူတူရင်ဆိုင်ပေးမဲ့လူတစ်ယောက်ကိုပါ တွေ့လိုက်ရတာကြောင့် အမေ နည်းနည်းလေး စိတ်အေးပါပြီ... သားလည်း ငယ်တော့တာမှမဟုတ်တာ...အကောင်းအဆိုးဝေဖန်တတ်မှာပါ... တစ်ခါတလေ ဦးနှောက်ကို နှလုံးသားကထိန်းရတယ်...တစ်ခါတစ်ရံကျတော့ နှလုံးသားကို ဦးနှောက်က ပြန်ထိန်းပေးရတယ်သား... ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာကို အမြဲတမ်း ချင့်ချိန်နေရမယ်... သားလေး မှန်မှန်ကန်ကန်ရွေးချယ်လိမ့်မယ်လို့ အမေယုံတယ်"
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...