Unicode...
"ကျွန်တော် ကတိတည်ပါတယ်နော်"
သိန်းတစ်ရာထုပ်ကို ဥက္ကဌကြီးရှေ့ချပေးရင်း ရုပ်ရှင်ထဲက မင်းသားတွေလို ဒိုင်ယာလော့လေးရွတ်လိုက်တယ်။ ဘေးမှာ ဦးတာလည်းပါတယ်ရယ်။
"ဒီငွေတွေကရော ငွေဖြူတွေဆိုတာသေချာရဲ့လား"
"ဟက်...ကျွန်တော့်အဖေဆီက အမွေရလာတာဗျ"
"ကောင်းပြီလေ...ဒီငွေတွေနဲ့ပတ်သက်ပြီး ပြဿနာတက်လာရင် ဆက်သွယ်ရပါလိမ့်မယ်"
ဦးတာလည်း မနေနိုင်တာနဲ့ ဝင်ထောက်ခံရင်း သိန်းတစ်ရာကိစ္စက ဒီမှာတင် ပြီးသွားတော့တယ်။ အင်း...ဆိုင်ပြန်ဖွင့်မှ။ ဖောက်သည်တွေတောင်ပျက်ကုန်ပြီထင်ပါရဲ့။
"တေဇော"
"ပြော ဦးတာ"
"ညကျရင် ဆိုင်ကိုစောစောပိတ်ပေးပါလား...မီးလေးတို့ကိုခေါ်ပြီး မင်းတို့နဲ့အတူ ညစာစားချင်လို့...တစ်ဆိုင်လုံးကို တစ်ညလုံး ငါငှားမယ်ကွာ"
"အာ...မဟုတ်တာ ဦးတာကလည်း...အခုကိစ္စမှာ ဦးတာကူညီလို့လွယ်လွယ်ပြီးခဲ့တာ...ငှားစရာမလိုပါဘူး...ဦးတာရဲ့ မီးလေးတို့ကိုသာခေါ်ခဲ့...ကျွန်တော် ကျွေးပါ့မယ်"
"ကဲ...ဒီလိုဆိုလည်း သဘောပါ"
ဦးတာက ကျွန်တော့်ကိုဆိုင်ပြန်ပို့ပြီး သူကစခန်းကိုပြန်သွားတယ်။ ခခက အနောက်ထဲမှာအလုပ်ရှုပ်နေတာမို့ နှုတ်တောင်ဆက်မသွားဘူး။
ဆိုင်ခန်းထောင့်မှာ~~~
အံမယ် အံမယ်...ဝဏ္ဏအစုတ်အပြတ်။ အလုပ်မလုပ်ဘဲ ထောင့်မှာဖုန်းပြောနေတယ်။ ဒီလောက်ကြာနေရင်တော့ သိသာပါပြီ။ ဒါ ဟိုမွေးရကျိုးမနပ်တဲ့ကလေးပဲ။ ကျွန်တော်လည်း မသိမသာခိုးနားထောင်လိုက်သေးတယ်။ သင်းက ကျွန်တော်အနောက်မှာ ရောက်နေတာတောင် မသိဘူး။
"သေချာပါတယ်ဆို"
"......"
"ဟောဗျာ...မှာတဲ့အတိုင်းပဲလေ"
"....."
"မဟုတ်ပါဘူး...သူငယ်ချင်းတွေကလည်း အဲလိုလူစားမျိုးတွေမဟုတ်ဘူး"
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...