Unicode...
"ဟာကွာ...ဒီကောင်လေးတွေ"
ဘေးနားရှိ ယာဥ်ထိန်းရဲတစ်ယောက်က အော်လိုက်ခြင်း။
** အက်ဆီးဒန့်ဖြစ်တဲ့နေရာမှာ လူတွေ ဝိုင်းအုံလာတယ်။ မီးပွိုင့်မှာမို့ မော်တော်ပီကယ်တွေလည်းရှိနေတယ်။ **
ကျွန်တော်က လီဗာကိုလှမ်းထိန်းပြီး ခုန်ချလိုက်တာကြောင့် ဘာမှတော့ဖြစ်မသွားပေမဲ့ မောင်းတဲ့ကောင်က ဘယ်တွေအာရုံရောက်နေတယ်မသိဘူး။ မြေပြင်ပေါ် နှစ်လိမ့်သုံးလိမ့်လောက် လိမ့်သွားတာပဲ။ တော်သေးတာပေါ့။ သတိရှိသေးလို့။ ကျွန်တော်သူ့ကိုလမ်းဘေးရွှေ့ပြီး ဟိုကောင်တွေဆီဖုန်းဆက်ရတော့တာပေါ့။ ဦးထုပ်ဆောင်းထားတာကြောင့် ခေါင်းတော့ထိမသွားပေမဲ့ ညာဘက်လက်ကတော့ တော်တော်ဆိုးတယ်။
"ဟေ့ကောင်...ရရဲ့လား.. လူနာတင်ကားခေါ်လိုက်မယ်"
"ရတယ်ဦးလေး...ကျွန်တော့်သူငယ်ချင်းတွေခေါ်ထားတယ်...အမှုမဖွင့်နဲ့နော် ဦးလေး"
"အေးပါကွာ"
မော်တော်ပီကယ်ဦးလေးကြီးနဲ့ သိနေလို့ပေါ့။ ခဏနေတော့ သူငယ်ချင်းကောင်းတွေ ကားတစ်စီးနဲ့ရောက်ချလာတယ်။
"မြတ်သူ ဆိုင်ကယ်ယူသွားပြီး ပြင်လိုက်...ကျန်တဲ့ကောင်တွေ ဒီကောင့်ကိုဝိုင်းမကြဦး"
** ဒီ့နောက် မြတ်သူက ဆိုင်ကယ်ယူပြီး သူ့အိမ်မောင်းသွားတယ်။ တေဇောကို ကားပေါ်တင်ပြီး ဘုန်းသော်ဇင်က ယာဥ်ထိန်းရဲကို နှုတ်ဆက်တယ်။ ပြီးတာနဲ့ နေရာကနေ ထွက်ခဲ့တော့တယ်။ **
"ဘယ်လိုဖြစ်ကြတာလဲကွ"
ကားမောင်းရင်းနှင့် အောင်ထွန်းမင်းက မေးတယ်။
"နောက်မှ ပြောမယ်ကွာ...ဒီကောင့်အခြေအနေဆိုးတယ်...ဒေါက်တာမင်းကျော်ဆီသာ မြန်မြန်မောင်း"
ဒေါက်တာမင်းကျော်ဆိုတာကတော့ ကျွန်တော်တို့သူခိုးဂိုဏ်းရဲ့ ဖန်မလီဒေါက်တာဆို မမှားဘူးပေါ့။ ခိုးရင်းပြေးရင်း တစ်ခုခုဖြစ်ခဲ့ရင် ဒေါက်တာ့ဆီပဲသွားရတာ။ ကျွန်တော်တို့လိုလူမျိုးတွေက ဆေးရုံဆေးခန်းတွေသွားလို့မှ မဖြစ်ဘဲ။ ဘာဖြစ်လာတာလဲမေးရင် ဟိုလိမ်ဒီလိမ်နဲ့ မိသွားနိုင်တယ်လေ။
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...