Unicode...
"ဪ...အခုတော့ ငါကိုယ်တိုင် ငါ့သမော်တီးလေးကို ပြင်ပေးနေရပြီပေါ့အေ"
"မာမီ...သမီးကိုမှတ်မိတယ်မလား...အခုတော့ မာမီ့လက်ရာနဲ့မကြုံတော့ဘူးပေါ့"
"မှတ်မိပါ့အေ..သမီးက တစ်မင်္ဂလာယူပြီးသားလေ...ဘာလဲ နောက်ထပ်တစ်မင်္ဂလာယူချင်လို့လား"
"အဟမ်း...အဟမ်း..."
မီးလေးရဲ့အမျိုးသားဆီမှ။** ဦးတာနဲ့ ခခတို့ရဲ့ မင်္ဂလာပွဲက ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ရုံသာဖြစ်ပြီး ဦးတာအိမ်မှာပဲ အသိမိတ်ဆွေအချို့နဲ့ ကျင်းပမှာဖြစ်တယ်။ ဒါဟာလည်း ဦးတာရဲ့ဂုဏ်သိက္ခာကိုငဲ့ပေးတဲ့ ခခဆန္ဒ။ **
ဦးတာရဲ့အိမ်~~~
"ဟေ့ကောင်တွေ...ငါတို့တုန်းကလို လုပ်ဦးမလို့လား...ဗီနိုင်းကြီး လာပြန်ပြီ...ခွီး"
ကျွန်တော်ရယ်တော့ သော်ကြီးကပါ ထရယ်တယ်။ ကျွန်တော်တို့မင်္ဂလာဆောင်တုန်းက သင်းတို့လုပ်တာ နိုင်ငံကျော်မသွားတာ ကံကောင်းလေ။ အခုလည်း ဗီနိုင်းကြီးဆွဲလာပြန်ပြီ။ ဒီတစ်ခါတော့ အတည့်ပါပဲ။
ဦးတာနဲ့ခခရော မီးလေးတို့စုံတွဲရောက ဘုန်းကြီးကျောင်းမှာ ကျန်ရစ်ခဲ့လို့ အိမ်မှာကျွေးမွေးဖို့ကို ကျွန်တော်တို့ကပဲ တာဝန်ယူရတာပေါ့။
"ဒီတစ်ခါက သုခကိုယ်တိုင်ဆွဲခိုင်းလိုက်တာကွ...ဘာမှလုပ်ဖို့မရှိဘူး ငါတို့က" (မြတ်သူ)
"ငါတို့တုန်းကလို ကမ္ဘာ့အပြင်ဘက်လေး ပြန်ဆိုကြပါကွာ...မင်းရယ် ငထွန်းရယ်ဆိုလေ...ဘယ်လိုလဲ"
"တော်ပါတော့ကွာ...အဲတုန်းကတောင် တော်တော်ရှက်နေတာ...တော်ကြာ သုခတစ်ယောက် ဧည့်ခံရင်း တံတွေးသီးနေမှ"
ပြောမရလည်း မပြောတော့ဘူးကွာ။ အမှတ်တရလေးဖြစ်စေချင်လို့ကို။ ကဲပါ။ စားပွဲပြင်တာပဲကောင်းတယ်။ အုန်းနို့ခေါက်ဆွဲကျွေးမှာမို့ ဟင်းရည်တွေ၊ မုန့်ဖက်တွေပြင်ရမယ်လေ။ အားလုံးပြီးစီးကုန်တော့ ဧည့်သည်တွေလည်း စရောက်လာတယ်။ ဦးတာတို့လည်းပြန်လာကြတော့ အတော်ပဲဖြစ်သွားတာပေါ့။ ကျွန်တော်တို့ဘက်က အရင်ဆုံးရောက်လာသူက တခြားလူမဟုတ်ပါဘူး။ သူ့သားပူဆာမှုနဲ့ ကျွန်တော့်မင်္ဂလာပွဲကိုတောင်မတက်နိုင်ခဲ့တဲ့ အဖေတို့ပါပဲ။
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...