Unicode...
"ဦးရေ ဦးရေ ဦးရေ... ခခလေး ပျင်းနေတယ် ဦးရေ... ဒီနေ့ဆိုင်လည်းမဖွင့် ဦးကလည်းအလုပ်နားတာကို ဦးမို့ ခခကိုပစ်ထားရက်တယ်နော်"
ကျွန်တော်စာအုပ်ဖတ်နေရင်းက ခခရဲ့ အသံဆာဆာလေးကိုကြားပြီးပြုံးမိတယ်။ သူကတော့ ကျွန်တော့်အိမ်နေရင်းအင်္ကျီအပြဲတွေကိုချုပ်ရင်း တတွတ်တွတ်ညည်းတွားနေလေရဲ့။
ဒါနဲ့ကျွန်တော်ဖတ်လက်စစာအုပ်ကိုချ၊ ခခအနောက်ကိုသွားပြီး ဇက်ကြောများတက်နေမလားလို့ နှိပ်ပေးလိုက်တယ်။ ခခလေးက အလိုက်တသိပါပဲ။ ကျွန်တော့်ကိုခေါင်းငုံ့စေပြီး နှုတ်ခမ်းချင်းထိတယ်ဆိုရုံ နမ်းလိုက်တယ်။
"ကို့ခခလေး ပျင်းနေတာဆိုတော့ ဘာများလုပ်ချင်သလဲလေ"
ဆိုလိုက်တော့ ခခကလုပ်လက်စကိုရပ်ပြီးတစ်ခုခုကိုစဉ်းစားနေဟန် မေးစေ့ကိုလက်ညှိုးနဲ့ထောက်ထားလေရဲ့။ အဲဒီအချိန်မှာပဲ အိမ်ရှေ့ကခြေသံအချို့ကြားရပြီးတဲ့နောက် မီးလေးတို့လင်မယားဝင်လာပါလေရော။
"ဟာ ဒယ်ဒီတို့သာယာနေတာပါလား...ဒီနေ့ မီးတို့လည်းပျင်းလို့ ဒယ်ဒီတို့ဆီအလည်လာတာ"
မီးလေးက ဧည့်ခန်းဆီလျှောက်လာရင်း နှုတ်ဆက်တော့ ကျွန်တော်လည်း ခခလည်ပင်းကိုဖက်ထားရာကနေ ဆိုဖာပေါ်ပြန်ထိုင်ဖို့ပြင်ရတော့တာပေါ့။
"ဟာ အကြံရပြီ"
မီးလေးတို့ဝင်ထိုင်ချင်းမှာပဲ ခခကလက်ဖျောက်တစ်ချက်တီးပြီး ခါးမတ်လေတယ်။ အဲဒါနဲ့ မီးလေးတို့ရော ကျွန်တော်ရော ခခဆီအကြည့်ရောက်ကြရော။ ခခက ကျွန်တော့်ကိုကြည့်ပြီး သူ့အကြံဆိုတာကိုဆက်ပြောတယ်။
"အကြံရပြီဦး...မီးလေးတို့လည်းလာတယ်ဆိုတော့ ဖဲရိုက်ရအောင်လေ ဟီးဟီး"
ခခရဲ့စကားအဆုံးမှာ လေးယောက်သားတစ်ယောက်တစ်လှည့်ဆီအကြည့်ချင်းဆုံကြပြီးတော့ မျက်ဝန်းတွေကနေတစ်ဆင့်သဘောတူနားလည်မှုရခဲ့ကြပါရောဗျာ။
KAMU SEDANG MEMBACA
Fiksi UmumFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...