Unicode...
"ဟင် စိန် စိန်ပလိန်တိန်... ခွီး"
ကျွန်တော် ဘယ်လိုမှအောင့်ထားလို့မရတော့ဘူးဗျ။ သူ့မျက်နှာကြီးမြင်တော့ ဟိုတစ်နေ့က ဒေါ်ပုမဆိုင်မှာ သူတို့အော်တဲ့ စိန်ပလိန်တိန် မုန့်လင်မယားကြီးက ကျွန်တော့်စိတ်ကို အပိုင်စိုးထားတာကိုး။
"ဟေ့...မင်း မုန့်ဖက်သီးကောင်မလား"
"ကျစ်...ဘာတွေလဲကွ...မင်းက ဘယ်လိုလုပ်သူနဲ့ သိနေရတာလဲ"
ကျွန်တော့်ဘေးကဇိုး ဝဏ္ဏဆိုသူက လှမ်းအော်တယ်။
"ဟိုနေ့က မုန့်ဟင်းခါးဆိုင်မှာ ငါတို့ကိုရယ်တဲ့အကောင်"
ဟိုတစ်ယောက်ကလည်း ကျွန်တော့်ကို မျက်စောင်းတထိုးထိုးနဲ့ ရန်ဆောင်တယ်။
ရယ်မိသူအပြစ်တဲ့လား။ သင်းတို့ပြောပုံဆိုပုံတွေက ရယ်ရလို့ရယ်တာကို။ အင်း...သူတို့သူငယ်ချင်းတစ်စုက အင်အားတောင့်သလိုလိုတော့ရှိ။ ကျွန်တော်ကတစ်ယောက်တည်းရယ်။ တော်သင့်ပြီ တေဇော...ယောက်ျားမရသေးဘဲ မသာမပေါ်သင့်ဘူးမလား။
အဲဒါနဲ့ပဲ ကျွန်တော့်ပါးစပ်ကိုလက်နဲ့ခပ်တင်းတင်းအုပ်ပြီး မျက်နှာထားကို အတတ်နိုင်ဆုံးခပ်တည်တည်ဖြစ်အောင် ပြင်ယူလိုက်တယ်ပေါ့။ အရှေ့က ဆူဆူညံညံအသံတွေကြားလို့ထင်ရဲ့။ နောက်ထပ်လူတစ်ယောက်နဲ့ ကျွန်တော့်ရဲ့မျက်နှာချောကိုယ်တော်တို့ ထွက်လာတယ်။
"ဘာတွေဖြစ်နေကြတာလဲ"
ကျွန်တော့်ရဲ့မျက်နှာချောကိုယ်တော်က ဩဇာပါတဲ့အသံနဲ့ လှမ်းမေးတယ်။
သူ့အနောက်ကလူကိုမြင်တော့ ကျွန်တော်ထပ်ရယ်မိပြန်ပါကော။ သင်းက မုန့်လင်မယားလေ။
"ငါပြောတဲ့ မုန့်ဖက်သီးကောင်လေ အထွန်း"
စိန်ပလိန်တိန်က မုန့်လင်မယားဘက်လှည့်ပြီး ဆိုတယ်။
"ဪ"
** အဲဒီအချိန်မှာပဲ မြတ်သူ ဖုန်းပြောရင်း အိမ်ထဲဝင်လာတယ်။ **
"အေးပါ မင်းရဲ့ကျောက်ကြီးကတော့ စိတ်ချ... မနက်ဖြန် မင်းဆီအရင်လာမှာ.... အေးပါဆိုကွာ...ဒီနေ့ကတော့ ရဲတွေကောရပ်ကွက်လူကြီးတွေကော ပတ်လည်ဝိုင်းနေလို့ လှုပ်ရှားဖို့ကို မဟန်တာ ငါ့ကောင်ရေ"
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...