Unicode...
** ညနေအိမ်ပြန်မယ်ဆိုတဲ့ တေဇောလည်း အိမ်ကိုမရောက်ဘဲ မြတ်သူအခန်းမှာပဲ ဘုန်းသော်ဇင်နဲ့ တစ်ညလုံးကုန်ဆုံးသွားတော့တယ်။ **
မနက်လင်းသော်...
"သေစမ်း...အမေဖုန်းခေါ်ထားတာတွေ အများကြီးပဲ"
"အမ်...ဟမ်...ဘာဖြစ်တာလယ်"
ကျွန်တော်မျက်လုံးပြူးသွားတာပဲ။ ကျွန်တော်လည်း အပေါ်ပိုင်းအင်္ကျီဗလာနဲ့ သူလည်းအတူတူပဲ။ မနေ့ညက အမူးလွန်ပြီး ဘာတွေဖြစ်သွားလဲ တကယ်မမှတ်မိတော့ဘူး။ မဟုတ်မှလွဲ....အားးး မစဉ်းစားချင်တော့ဘူး။
"မင်း မင်း...ညက ဘာတွေဖြစ်သွားလဲ မှတ်မိလား"
"ညက မင်းနဲ့သောက်တယ်လေ...ပြီးတော့ ဘာဖြစ်လဲ ငါလည်းသိဘူး"
ကျွန်တော်တွေးတာလွန်သွားပြီလား မသိဘူး။ ညကနှစ်ယောက်လုံးမူးနေကြတာဆိုတော့ ဖြစ်ချင်မှလည်း ဖြစ်ကြမှာလေ။ ဟုတ်တယ်မလား။ အဲ...ဖြစ်ချင်လည်းဖြစ်သွားမှာပဲ။ ကျွန်တော့်ခန္ဓာကိုယ်ကတော့ ထွေထွေထူးထူး ဘာမှမခံစားရဘူး။ ဧကန္တ ကျွန်တော်ကများ သော်ကြီးကို...
"သော်ကြီး...မင်း တစ်ခုခုများနာနေလား ဟီး"
"အမ်...ဘာနာရမှာတုံး"
ဪ...ဒါဆိုတော်ပါသေးတယ်။ ညက ဘာမှမဖြစ်ခဲ့ဘူးပဲ ဟဲဟဲ။ လျှောက်တွေးနေပြန်ပါပြီ။
"ဆောရီး မင်းကိုအိမ်လိုက်ပို့ရမှာကို မနေ့ညက နည်းနည်းလွန်သွားတယ်"
"အာ မဟုတ်တာ...အခုပြန်လည်း ရပါတယ်"
အမေတော့စိတ်ပူနေတော့မှာပဲ။ ပြန်ရောက်ရင် အဆူခံရမှာလည်း ကျိန်းသေ။ ညနေ အမေပြန်ရောက်လောက်မှ ပြန်ရင်ကောင်းမလား။ ဦးလှဆွေနဲ့က မျက်နှာချင်းကို မဆိုင်ရဲသေးတာ။
"တော်ပြီ မပြန်သေးဘူး ဟီး...ငါ့ပထွေးနဲ့ မျက်နှာချင်းမဆိုင်ရဲသေးဘူးကွာ"
"ဒါဆို ကန်ပတ်လမ်းဘက် သွားရအောင်"
ကျွန်တော့်ခါးကို နောက်ကနေသိုင်းဖက် ပခုံးပေါ် မေးတင်ပြီး ပြောတယ်။ ကြက်သီးထချင်စရာပဲ။ နှစ်ယောက်လုံးက အင်္ကျီမပါဘူးလေ။ ဒီလိုအခြေအနေမျိုးက ပထမဆုံးဆိုတော့ ကကျိကကျိနဲ့။ နှစ်ယောက်လုံး အင်္ကျီမပါတော့တာ ဟိုကောင်တွေလက်ချက်ပဲဖြစ်မယ်။ ထားပါ။ အခုတော့ ကောင်လေးနဲ့ ကန်ပတ်လမ်းမှာ လေညှင်းခံထွက်မယ် ဟဲဟဲ။ မနေ့က ကျွန်တော့်အင်္ကျီက အနံ့ထွက်နေတာနဲ့ သော်ကြီးအင်္ကျီပဲ ခဏယူဝတ်လိုက်တယ်။ မထင်ထားဘူး။ သူခိုးတွေမှာ ဒီလိုသားသားနားနားအင်္ကျီမျိုးလည်း ရှိတာပဲ။
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...