Unicode...
ပုသိမ်ကြီးအိမ်~~~
ခြောက်ယောက်လုံးဝိုင်းစုပြီး ဒီနှစ်သင်္ကြန်တွင်း ဘာလုပ်မယ်ဆိုပြီး တိုင်ပင်ကြတယ်။ အစက ကားငှားပြီးလည်မလို့ပဲ။ ဦးတာက ခခကိုစိတ်မချဘူးဆိုတာနဲ့ အဲအစီအစဉ်ပျက်သွားတယ်ဆိုပါတော့။ ကျွန်တော်တို့တွေ ငယ်တော့တာမှမဟုတ်တာ။ လမ်းထဲက ကလေးတွေနဲ့အပြိုင် ခွက်စောင်းခုတ်လို့တော့ ဘယ်ဖြစ်မလဲ။ အဲဒါနဲ့ပဲ ရေသေနတ်တွေဝယ်ပြီး တပြွတ်ပြွတ်လိုက်ပက်ဖို့ စီစဉ်လိုက်တော့တယ်။
ဒုန်း ဒုန်း ဒုန်း ဒုန်း~~~
အသံက ဝဏ္ဏဆီလာတာ။ အိမ်အပေါ်ထပ်မှာဆိုတာကို မေ့သွားတယ်ထင်တယ်။ တဒုန်းဒုန်းနဲ့ခုန်နေတာ။ ဘာလို့အဲလောက် ယွထရတာလဲ။ အကြောင်းကတော့ ကျွန်တော်ထင်သလိုပဲနေမယ်။
"အင်း...အဖေမတူ မအေကွဲညီငယ်တော့ မန္တလေးကို ကြွလာတော့မယ်ထင်တယ်...ဒုက္ခပါပဲ...သော်ကြီးနဲ့ မိုးမမြင်လေမမြင်ကဲချင်ပါတယ်ဆို သောက်ကလေးကိုလိုက်ထိန်းရဦးမယ်"
"ဟဲ့ မင်းထိန်းပေးစရာမလိုပါဘူးလေ...သူ့ကလေးထိန်းကြီးရှိနေတာပဲကို"
"ရမလားကွ...ဘာပဲဖြစ်ဖြစ် အဖေ့မျက်နှာရှိသေးတယ်...ဒီနှစ်ကောင်ကိုလွှတ်ပေးလိုက်ရင် စိတ်အေးရမယ်လို့ အာမခံမှာမဟုတ်ဘူး"
"ယောက်ဖရေ...တေဇော...ငါ့ကိုစိတ်ချပါ...ငါ့ကလေးကို ထိခိုက်အောင်လုပ်မလားဟ"
"ထားလိုက်ပါ မီးတောက်လေးရာ...ဘာစိတ်မချစရာရှိလဲ...ဒီကချစ်ယောကျ်ားကိုပဲ ဂရုစိုက်"
သော်ကြီးပါဝင်ပြောနေတာကြောင့် ထပ်မငြင်းတော့ပါဘူး။ အဖေပါ မန်းလေးဆင်းလာမယ်ဆိုတော့ တစ်မျိုးကောင်းတာပေါ့။ သင်္ကြန်တွင်း အမေ့ကိုကန်တော့မလို့။ အခုအဖေ့ကိုပါ ကန်တော့ရတာပေါ့။ ကျွန်တော်နဲ့သော်ကြီး မနေ့ကပဲ အမေ့ကိုကန်တော့ဖို့ ပစ္စည်းပစ္စယတွေသွားဝယ်ထားတာ။ သင်္ကြန်အကြိုနေ့ကျ အမေတို့ဆီသွားပြီး တောင်မြို့အိမ်မှာ ဝိုင်းထောင်ကြမယ်စိတ်ကူးထားတာပဲ။
![](https://img.wattpad.com/cover/247796736-288-k739894.jpg)
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...