Unicode...
** သုခတစ်ယောက် လျှော်ပြီးလေတဲ့ လက်ကိုင်ပဝါလေးကိုကိုင်ပြီး တဦးဦးနဲ့ ဖြစ်နေတော့တယ်။ **
ဦးက သမီးတောင်ရှိတယ်ဆိုတော့ မိန်းမလည်းရှိမှာပေါ့နော်။ ဦးရဲ့ဇနီးက ကံကောင်းလိုက်တာ။ အယ်...ဆုံးသွားတာရော ဖြစ်နိုင်လား။ ငါ့နှယ်...သူများလင်ယောက်ျားပါလို့ ဦးနှောက်ကအတန်တန်သတိပေးပေမဲ့ နှလုံးသားကထိန်းချုပ်လို့မရဘူးဖြစ်နေတယ်။ အထွန်းကို ကျိန်ဆဲခဲ့မိတာ ဝဋ်လည်တယ်ထင်ရဲ့နော်။ ဘာပဲဖြစ်ဖြစ် တစ်ခါလောက်တော့ပြန်တွေ့ချင်တယ်။ လက်ကိုင်ပဝါလေးပြန်ပေးရင်း သူ့ရဲ့အကြောင်းတွေ မေးကြည့်ချင်တယ်။
"သုခရေ....ဟေ့ကောင်...သုခ"
"အို...ဘာဖြစ်နေတာလဲ...ငါဒီမှာ စိတ်ကူးယဉ်နေတာပါဆို"
"ခုနက မီးဖိုချောင်ထဲ အသံကြားလိုက်လို့...မင်းရှိနေတယ်ထင်တာ"
"ဟဲ့ ဟင်းကချက်ပြီးပြီလေ...ဟင်းချက်ပြီးကတည်းက ငါအခန်းထဲမှာရှိနေတာ...ဟိုဘက်အိမ်ကကြောင်နေမှာပေါ့"
"မဟုတ်ဘူးနော်...အသံတွေက ကျယ်ကျယ်လောင်လောင်တွေ"
"သွားကြည့်လိုက်ပေါ့ သူသူရယ်...ဘာကိစ္စ အခန်းထဲရှိတဲ့ငါ့ကို တကူးတကလာမေးနေရတာလဲ"
"သွားကြည့်ပြီးပြီ ဘာမှမတွေ့ဘူး"
မြတ်သူတစ်ကောင် ဘာတွေလာပြောနေမှန်းမသိဘူး။ သက်သက်မဲ့ နှောင့်ယှက်နေသလိုပဲ။
"သူခိုးဟေ့...သူခိုး...လိုက်ကြ!!!"
အယ်...ဘာအသံတွေလဲ။ နေ့ခင်းကြောင်တောင်ကြီး ခိုးတာလား။ ဘယ်လိုတောင် အသုံးမကျလိုက်တဲ့ သူခိုးလဲ။
အသံကြားတော့ မြတ်သူရော ခခရော အိမ်ရှေ့အမြန်အဆန်ထွက်ကြည့်ကြရော။ လမ်းထိပ်နားမှာ သင်းကိုမိပြီး လူတွေဝိုင်းထားကြတာ။ ခခတို့အဲနားရောက်တော့ သူ့ ခိုးရာပါတွေကို ပုဆိုးစုတ်ထဲကနေဖြန့်ကြည့်နေကြတယ်။ ဟယ်...ဒါ အိမ်ကအိုးတွေမလား။ ဒယ်နီရော၊ ထမင်းအိုးရော၊ ဟဲ့ ဂက်စ်မီးဖိုလည်း အိမ်ကဟာပဲ။ ထမင်းအိုးဆို ထမင်းတောင်ချက်ထားသေး။ သင်းကထမင်းပါအဆစ်ခိုးရတယ်လို့။
VOUS LISEZ
Fiction généraleFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...