Unicode...
သုံးလကြာပြီးသော်....
ဟိုကောင်တွေ ကျွန်တော့်ကိုဖိအားပေးနေပြီ။ အလုပ်တွေပြန်စသင့်တယ်ပေါ့။ အမေ့နားကပ်လည်း ရွေးပြီးသွားပြီကိုး။ ကျွန်တော်လည်း လုပ်ချင်ပါတယ်။ ဒါပေမဲ့ တေဇောငြိုငြင်သွားမှာကိုလည်း ကြောက်တယ်။
"သော်သော်ရယ်...မင်း ငါ့အားနာပါဦး...ငါ့ဦးက စခန်းမှူးဟဲ့"
သုခပြောတာလေး ပြန်ကြားယောင်မိတော့ ရယ်ချင်သား။ ဒီကောင်ဘယ်လိုဖြစ်ပြီးများ ရဲတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပါလိမ့်။ ဟိုကလည်း တော်တော်ချစ်ပုံပါပဲ။ နေ့တိုင်းလိုလိုလမ်းထိပ်ကိုလာတယ်။ မုန့်တွေပို့၊ လက်ဆောင်တွေပေးနဲ့ ဟုတ်နေရောပဲ။ နောက်ဆုံးတော့ တပူးပူးတတွဲတွဲနဲ့ ဖြစ်သွားရော။ ကျွန်တော် သူ့ကိုမေးကြည့်သေးတယ်။ ငါတို့သရုပ်မှန်ကိုသိရင် မင်းရဲ့ဦးက လက်ခံမယ်ထင်လားလို့လေ။
"ငါဒါတွေ မစဉ်းစားချင်ပါဘူး...အခုချိန် ချစ်မိတုန်း ချစ်မှာပဲ...ငါတို့က အစတည်းကရှည်ရှည်ဝေးဝေးတွေမှ မတွေးတတ်တာ...ရေစက်ရှိသလောက်ဆုံမယ်...မေတ္တာစစ်နေသမျှ ချစ်မယ်...ကျန်တာတွေ မတွေးဘူး" တဲ့။
အင်း...သူပြောတာလည်း ဟုတ်တာပဲ။ ကျွန်တော်လည်းအရင်က တူတူပါပဲ။ ဘယ်တော့မှ ရှည်ရှည်ဝေးဝေးမတွေးဘူး။ ကျွန်တော်တို့ ပစ်မှတ်ကိုလေ့လာတယ်။ အစီအစဉ်ချလိုက်တယ်။ တာဝန်ခွဲတယ်။ ခိုးတယ်။ ဖမ်းမိခဲ့ရင်လည်း ထောင်ထဲဝင်ဖို့ ဝန်မလေးခဲ့ဘူး။
တေဇောရှိလာတော့ ကျွန်တော်ကြောက်လာတယ်ဆိုတာ ဝန်ခံရမယ်။ ကျွန်တော်သူ့ကိုပေးခဲ့တဲ့ ဖဲချပ်လေးလိုပဲ။ သူက ကျွန်တော့်ရဲ့ ဝှက်ဖဲ။ အားသာချက်ဖြစ်သလို အားနည်းချက်ကလည်း သူပဲ။ ကျွန်တော်တို့ တစ်စုံတရာများ လွဲချော်ခဲ့သည်ရှိသော် သူ့ကိုမနာကျင်စေချင်ဘူး။ မထိခိုက်စေချင်ဘူး။ ကျွန်တော့်အတွက် ပူပန်နေတာမျိုး မဖြစ်စေချင်ဘူး။
သူ့ကြောင့် ကျွန်တော့်အနာဂတ်ကို တွေးမိလာတယ်ပြောရမလား။ ကျွန်တော်တို့ အလွဲများစွာနဲ့ အတူတူဖြတ်သန်းခဲ့တာ ငါးလကျော်ခဲ့ပြီ။ ကျွန်တော် သူနဲ့ ဒီထက်ပိုပြီး အတူတူရှိနေချင်တယ်။ ဒါပေမဲ့ ကျွန်တော့်ဘဝကို အားမရဘူး။ ကျွန်တော့်ကြောင့် သူ့ကိုပါ အမည်းစက်စွန်းထင်းတာမျိုး မဖြစ်စေချင်ဘူး။ သူကတော့ ကျွန်တော့်အလုပ်နဲ့ပတ်သက်ပြီး ဘယ်တော့မှ ဖိအားမပေးဘူး။ ဆက်လုပ်ပါလို့ အားမပေးသလို မလုပ်ပါနဲ့တော့ဆိုပြီးလည်း မတိုက်တွန်းဘူး။ သူကျွန်တော့်အပေါ်မှာ အရမ်းနားလည်ပေးလွန်းအားကြီးတယ်။
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...