Unicode...
အင်းဝမြို့ရဲ့ရှေးဟောင်းအငွေ့အသက်တွေဟာ မြစ်ငယ်မြစ်ကိုဖြတ်သန်းတိုက်ခတ်လာတဲ့ သစ်လွင်လတ်ဆတ်တဲ့လေပြင်းများနဲ့ အပြိုင်အဆိုင်အားကောင်းစွာ တည်ရှိနေမြဲ။
ဒီမြို့ဟောင်းက သမိုင်းမှာ မြောက်မြားစွာသောရာဇဝင်တွေ၊ ပုံပြင်တွေနဲ့ပြည့်နှက်နေတဲ့မြို့တစ်မြို့။ ထိုနည်းတူ ကျွန်တော်တို့နှစ်ယောက်အတွက်လည်း ဒီမြို့ဟာ အမှတ်တရများစွာရှိခဲ့တဲ့မြို့လေး။ ကျွန်တော် အခု မယ်နုအုတ်ကျောင်းပေါ်ကနေ မြစ်ငယ်နဲ့ဧရာဝတီပေါင်းဆုံရာနေရာကိုငေးကြည့်နေမိတယ်။
ရှေးဟောင်းနှောင်းဖြစ်များကိုပြန်ပြောရသည်ရှိသော် ကျွန်တော်အလုပ်လုပ်ဖူးတဲ့ရှိုးရွန်းက ခရီးတိုတစ်ခုထွက်တယ်။ အင်းဝကိုရောက်လာတယ်။ ဝန်ထမ်းတွေကိုဦးဆောင်ရတဲ့ကျွန်တော်ဟာ ဘယ်လိုကနေဘယ်လိုဖြစ်သွားတယ်မသိ။ အဖော်မရှိ တစ်ယောက်တည်းဖြစ်သွားတယ်။ မယ်နုအုတ်ကျောင်းပေါ်ရောက်ရောက်ချင်း အထီးကျန်နေတဲ့ကျွန်တော်ဟာ အခုလိုပဲမြစ်ဆုံနေရာကို ငေးကြည့်နေခဲ့တယ်။
နောက်တော့ ဖုန်းမြည်လာတယ်။ အလိုက်သိတတ်လွန်းတဲ့ကျွန်တော့်ချစ်သူဟာ သူ့ကိုအသိပေးမထားပါဘဲ ကျွန်တော်ရှိရာအင်းဝဆီအရောက်လာခဲ့တယ်။ အဲတုန်းက ကျွန်တော်သိပ်ပျော်ခဲ့တာ။ တစ်ရက်တာအချိန်တိုလေးအတွင်းမှာ အတူတူဖန်တီးခဲ့တဲ့ Polaroidပုံလေးတွေနဲ့အမှတ်တရတွေက မြို့ဟောင်းကြီးရဲ့ရာဇဝင်တွေလို ထင်ကျန်ခဲ့တာ။
အခုတော့ အုတ်ကျောင်းပေါ်မှာကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။ အုတ်ကျောင်းပေါ်လာပြီး Candy Crushကို အသံဖွင့်ဆော့နေတဲ့ သော်ကြီးလည်းပါတယ်။ အစကတော့ နှစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မို့ မီးတောက်လေးသဘော မီးတောက်လေးသဘောနဲ့။
အုတ်ကျောင်းပေါ်ရောက်လို့ ကျွန်တော်လည်းဆွေးရော ဒင်းကဗီဇပြလာတာပဲ။ ပျင်းစရာကောင်းတယ် ဘာညာပေါ့။ သူက နေရာတစ်ခုရောက်ရင် ဓါတ်ပုံရိုက်ဖို့ပဲ စိတ်ကူးရှိတဲ့အကောင်။ နေရာဒေသရဲ့ တခြားအလှအပ၊ အနုအရွ၊ သဘာဝတရားရဲ့အနုပညာဆန်ဆန် ဖန်တီးမှုတွေကိုမြင်အောင်မကြည့်တတ်တဲ့အကောင်။
BINABASA MO ANG
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...