Unicode...
"ဦးတို့နဲ့လိုက်ခဲ့ချင်လား ကလေး... ငါတို့မင်းကိုမွေးစားမယ်...မင်းစားချင်တာတွေ စားချင်သလောက်စားလို့ရမယ်...ကစားကွင်းလည်းလိုက်ပို့မယ်...အရုပ်တွေလည်းဝယ်ပေးမယ်...ကျောင်းလည်းထားပေး"
"ဟိုးထား...သားက ကျောင်းမတက်ချင်ဘူး"
သော်ကြီးက ပေါက်စလေးကိုချော့ချော့မော့မော့နဲ့ မက်လုံးပေးပြီးအဆင်ချောနေတုန်း နောက်ဆုံးကျမှ ဟိုကလေးကစကားကိုဖြတ်ပြောတယ်။ ပြောတဲ့စကားကလည်း ပိတ်ရိုက်ချင်စရာပါ။ ကျွန်တော်လက်လျှော့ပြီး ထားခဲ့လိုက်ရကောင်းမလား။
"ဟုတ်ပါပြီ ဟုတ်ပါပြီ...အခုလည်းကျောင်းမတက်ခိုင်းသေးပါဘူး...ဦးတို့နဲ့လိုက်ခဲ့မယ်ဆို ဒီလိုသူများပစ္စည်းတွေလိုက်ခိုးစရာ သူများဆီကလိုက်တောင်းစရာမလိုတော့ဘူး"
"ဦးကြီးတို့ကို ဘယ်လိုယုံရမှာလဲ...ခေါင်းကြီးက ဘယ်သူ့ကိုမှမယုံရဘူးလို့ပြောတယ်...ပြီးတော့ မင်းတို့ကိုတစ်ယောက်ယောက်ကများမွေးစားမယ်လို့ပြောရင် အဲလူကိုငါ့ဆီခေါ်ခဲ့တဲ့...ငါကအုပ်ထိန်းသူမို့ ငါ့ခွင့်ပြုချက်ရမှပဲမွေးစားလို့ရမှာတဲ့...မဟုတ်ရင် မင်းတို့ရောမွေးစားမဲ့လူတွေပါ တရားစွဲပြီးထောင်ချပစ်မယ်တဲ့...အဲလိုပြောတယ်"
ကလေးက ထင်ထားတာထက်ပိုလည်တာပဲ။ ဒါပေမဲ့ သူတို့ခေါင်းဆောင်ကြီးရဲ့အပြောကိုတော့ နည်းနည်းရှိန်နေတယ်ထင်တယ်။
"ဒီတော့မင်းက မင်းရဲ့ခေါင်းကြီးဆီသွားတွေ့မှ လိုက်မယ်ပေါ့"
ကျွန်တော်က ဖြတ်မေးလိုက်တော့ မုန့်စိမ်းပေါင်းလေးက ကျွန်တော့်ဘက်လှည့်ပြီး သေချာစိုက်ကြည့်တယ်။
"သား သူ့ကိုမကြောက်ဘူးဦးကြီး...အဲလိုသွားတွေ့ရင် သူကဦးကြီးတို့ဆီက ငွေညှစ်မှာ"
"ဒါဖြင့် ဦးတို့ကိုယုံပြီးလိုက်ခဲ့လိုက်တော့...မင်းယုံအောင်ပြောရရင် ဒီမှာကြည့်...ဒါဦးတို့မိသားစုပုံတွေပဲ...ဦးတို့ဆီမှာ ရဲမှူးကြီးတစ်ယောက်လည်းရှိတယ်"
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...