Unicode...
ကျွန်တော်လက်ထပ်တော့မယ်ဆိုမှ တစ်စုံတစ်ယောက်ကို သတိရသွားတယ်။ ဦးလှဆွေနေရာမှာ ရှိနေသင့်တဲ့လူပေါ့။ ဒါပေမဲ့ အမေ့စိတ်နဲ့ဆိုရင်တော့ အဖေကျွန်တော်လက်ထပ်သွားတယ်ဆိုတာတောင် သိမှာမဟုတ်ဘူး။ တကယ်တော့ အဖေလည်း အမေ့လိုပါပဲ။ သူ့ရဲ့ နောက်အိမ်ထောင်ကပါတဲ့ သားသမီးတွေနဲ့ သူ့ဘာသူ အဆင်ပြေနေပါပြီ။ အရင်က ကျွန်တော့်ကိုဂရုတစိုက်ရှိပေမဲ့ အမေ့ကြောင့် နောက်ပိုင်းတွေ ကျွန်တော်တို့ မဆက်သွယ်ဖြစ်တော့ဘူး။ အခုများဆို အဖေ ဘယ်လိုနေနေမလဲ။
"သားရေ...ဖိတ်စာတွေရပြီ...လာကြည့်ပါဦး"
မြန်လိုက်တာ။ အမေတို့များ ကိုယ့်သားလေးကို အင်မတန်လင်ယူစေချင်နေတယ်ထင်ပါ့။ ကျွန်တော်နဲ့သော်ကြီး ရှိသမျှငွေတွေအမေတို့ကိုပေးထားတော့ သူတို့ပဲ အစကနေအဆုံး စီစဉ်သွားမယ်တဲ့လေ။ ကျွန်တော်ဖိတ်စာကိုဖတ်ကြည့်တော့ ကျွန်တော်တို့အလိုကျပေါ့။ ဘုန်းသော်ဇင်နဲ့ တေဇောရာဇဆိုတဲ့ နာမည်နှစ်ခုကို အပေါ်အောက်မထားဘဲ ဘေးချင်းယှဉ်ထားထားတယ်။ ဖိတ်စာရဲ့ မျက်နှာတစ်ဖက်မှာ သော်ကြီး၊ တစ်ဖက်မှာ ကျွန်တော်ပေါ့။ ဟုတ်တယ်လေ။ ကျွန်တော်က မိန်းကလေးမှမဟုတ်တာ။ သူ့အောက်မှာ မနေနိုင်ပါဘူး။
ဖတ်နေရင်း တစ်နေရာရောက်တော့ မျက်မှောင်ကြုတ်မိသွားတယ်။ ကျွန်တော့်အဖေနေရာမှာ ဦးလှဆွေတဲ့။ ဘာပဲဖြစ်ဖြစ်လေ။ အဖေ့နာမည်တော့ ထည့်သင့်တာပေါ့။
"အမေ...ဒါဘယ်လိုဖြစ်တာလဲ...အဖေ့ကိုအသိမပေးချင်တောင် ကျွန်တော်က သူ့သားလေဗျာ...နာမည်ကတော့ ထည့်ရမှာပေါ့"
"သားကလည်း...ထားလိုက်ပါတော့...ဖိတ်စာတွေက ရိုက်ပြီးကုန်ပြီ"
"ဟားး...အရင်ဆုံးတော့ စမ်းရိုက်ပြီး ကျွန်တော်တို့ကိုပြသင့်တာပေါ့"
ကျွန်တော်လည်း ဒေါသထွက်မိတာနဲ့ ဘာမှဆက်မပြောတော့ဘူး။ အခန်းထဲပဲဝင်နေလိုက်တော့တယ်။ အဖေ့ကိုအဲလောက်ထိ စိတ်နာနေရလား အမေ။ ကျွန်တော့်မှာ မင်္ဂလာဆောင်မှ ဦးလှဆွေရဲ့သား ဖြစ်သွားရတယ်လို့။
BINABASA MO ANG
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...