Unicode...
"အစ်ကိုတို့...ဒါဘာလုပ်တာ"
** ဇေမင်းနိုင်စကားမဆုံးလိုက်။ တေဇောက ပါးစပ်ကိုလက်နဲ့အုပ်လို့ ပခုံးပေါ်တင်ပြီး ချီသွားတယ်။ ပြီးတော့ ကားထဲမှာ အသင့်စောင့်နေတဲ့ လေးယောက်ဆီထိုးပေးလိုက်တယ်။ **
ဆူဆူညံညံအသံတွေကြားတော့ ခြံစောင့်တွေနိုးလာကြရော။ တောက်....တော်တော်ဂြိုဟ်မွှေတဲ့အကောင်။
"ဟိုကောင်တွေ...ဆင်းလာဦး...အကုန်နိုးကုန်ကြပြီ"
ဆိုတော့မှ ပြာတိပြာယာနဲ့ သုံးကောင်သားဆင်းလာကြတယ်။ ဝဏ္ဏကတော့ ဟိုဂန်းမနာသားလေးကို ထိန်းဖို့ကျန်ခဲ့တာပေါ့။
ကားထဲမှာ~~~
"လွှတ်...ကျွန်တော့်ကိုလွှတ်...သူခိုးဗျို့...သူခိုး...အွန်း...အွန်း"
ဘယ်လောက်အော်အော် လွှတ်မပေးဘူး။ ရုန်းလို့မရအောင် အားသန်လွန်းတယ်။ ဒီလူကြီးက သံတုံးနဲ့များ လုပ်ထားတာလား။
"မင်းပါးစပ်ကိုပိတ်ပြီး ငြိမ်ငြိမ်နေလိုက်...ဒါဆို လွှတ်ပေးမယ်"
သူပြောသလို ငြိမ်ပေးလိုက်တော့ လက်ကိုနောက်ပြန်တုပ်တယ်တဲ့။ ငြိမ်ငြိမ်နေပေးနေတာကို ဒီလောက်လုပ်စရာလိုလား။ မနေပေးချင်တော့ဘူး။ လက်ကိုကြိုးတုပ်နေတုန်း ခေါင်းနဲ့သူ့မေးစေ့ကိုတိုက်ပြီး ထွက်ပြေးရမယ်။
** မထင်မှတ်ထားပါဘဲ ခေါင်းငုံ့နေတဲ့ဝဏ္ဏနဲ့ ခေါင်းမော့လိုက်တဲ့ ဇေမင်းနိုင်တို့မျက်နှာနှစ်ခု ပွတ်တိုက်မိသွားတယ်။ နှုတ်ခမ်းချင်းထိမိတယ်ဆို ပိုမှန်မယ်။ လမ်းဘေးမီးတိုင်ရဲ့အလင်းရောင်တည့်တည့်အောက်မှာမို့ နှစ်ယောက်သား မျက်နှာများကို သဲသဲကွဲကွဲမြင်ရချိန်ဖြစ်တယ်။ **
"ဟာ...ဟေ့ကလေး...မင်းသေချင်နေပြီ"
"နေပါဦး...ခင်ဗျားကရှောင်လေ...သေလောက်အောင် ချုပ်တုန်းကချုပ်ပြီး ကိုယ့်ကိုရန်ပြုမယ်လုပ်တာကျမှ မရှောင်တတ်လောက်အောင် ပိန်းလား"
![](https://img.wattpad.com/cover/247796736-288-k739894.jpg)
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...