Unicode...
"အာ့...နာတယ်လေ...အချစ်ကလေးရဲ့....အ....ဖြည်းဖြည်းလုပ်မှပေါ့...အား"
ငါနော်။ စိတ်ရှိလက်ရှိသာ ဆဲလိုက်လို့ကတော့ သင်းနဲ့မညားဘဲ ငါနဲ့ Lee Dong Wookနဲ့ညားသွားမယ် ဟင်းဟင်း။ အနာဆေးထည့်တာပဲ ဒီလောက်တော့နာမှာပေါ့။ မှတ်မိပါသေးတယ်။ သူ့အလှည့်တုန်းက ကျွန်တော့်ကို နှုတ်ခမ်းလေးပေါက်တာ ဒီလောက်ဖြစ်ပျက်ရလားဆိုပြီး တစ်ရှူးနဲ့ ဖိဖိသုတ်ခဲ့တာလေ။ လက်စားချေတာလားဆိုတော့ မဟုတ်ပါဘူး။ ဆေးထည့်သင့်တဲ့နေရာထည့်ပြီး ကြပ်ထုပ်ထိုးပေးနေတာကို အော်နေလိုက်တာများ မီးနင်းနေလားမှတ်ရတယ်။
"ပြီးပြီ...ပြီးပြီ"
"စိတ်ဆိုးနေသေးတာလား"
"မဆိုးရပါဘူး...ဆိုးချိန်လည်း ဘယ်မှာရှိလို့လဲ...ဟိုအကောင်တွေကို သွားကြည့်ပေးလိုက်ဦးမယ်"
"မသွားနဲ့"
ဆေးထုတ်လေးယူပြီး ထွက်သွားမယ်အလုပ် လက်ကိုလှမ်းဆွဲလေရဲ့။
"သူတို့ဘာသာ လုပ်လိမ့်မယ်...သဝန်တိုတယ် အချစ်လေးရ"
ခွပ်....
"အာ့ ဘာလို့လဲ"
ဘေးနားမှာရှိနေတဲ့ ရေခွက်နဲ့ခေါင်းကို ဆော်ပလိုက်တယ်။ ဘယ့်နှယ်...ဖြစ်တုန်းကကျ အတူတူ။ အခုမှ သဝန်တိုတယ်လေးဘာလေး။
"မင်းနဲ့ငါ ဘာတွေလဲဆိုတာ အကုန်သိတယ်...သဝန်တိုရအောင် ငါကသူတို့ရှေ့ ဖင်ချွတ်ပြေးပြမှာမို့လား"
"ပြေးမဲ့ပြေးတော့ ငါ့ရှေ့ပြေးပြလေလို့ ဟဲဟဲ"
ခွပ်...
"အချစ်ကလေးကလည်း စတာကို အာလားလား"
သေသေ။ ရန်ဖြစ်လာတယ်။ အချုပ်ကျလာတယ်။ အာမခံနဲ့ထုတ်လာရတယ်။ ဖူးယောင်ပေါက်ပြဲလာတယ်။ ဒါကို သောက်ခွက်က ပြောင်နေနိုင်သေးတယ်။
"ဖယ်ဖယ်...သွားကြည့်ပေးလိုက်ဦးမယ်...ဒါနဲ့ ညစာဘာမှမရှိဘူးမလား"
"ဟုတ်"
"သွားဝယ်ချေ"
"အယ်...အချစ်ကလေးကလည်း ဟိုကောင်တွေကိုဝယ်ခိုင်းလိုက်မယ်လေ...အချစ်ကလေးနဲ့"
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...