Unicode...
** ဧည့်ခန်းမှာ ခြေကုပ်လက်ကုပ်ခေါင်းငုံ့ထိုင်နေကြပါတဲ့ တေဇောနဲ့သော်ကြီးတို့အတွဲ၊ ဒေါမာန်လွှမ်းတဲ့မျက်နှာနဲ့ သူတို့ရှေ့တည့်တည့်မတ်တပ်ရပ်နေနေတဲ့ ဦးထွဋ်တင်၊ စိတ်ပူထိတ်လန့်စွာနဲ့ သားငယ်ကိုရင်ထဲပွေ့ထည့်ထားတဲ့ ဒေါ်မာလာနဲ့ မိခင်ရင်ခွင်ထဲကနေ အိစိအိစိအချောင်းတစ်ချောင်းကို ထပ်ထုတ်စားနေတဲ့ဇေမင်းတို့ တစ်စုတစ်ဝေးတည်းရှိနေကြချိန်။ **
"တေဇော တေဇော...ပြောပါဦး...အကြောင်းပြချက်ကလေး"
ဆိုတော့လည်း အခုချိန်မှာ ကိုယ်ကအပြစ်လုပ်ထားတာဖြစ်လေတော့ မျက်နှာငယ်နဲ့ပဲ အကြောင်းစုံပြောပြလိုက်ရတာပေါ့။ အဲ...အကြောင်းစုံဆိုပေမဲ့ အဖြစ်မှန်ကတော့ တစ်ချို့တစ်ဝက်ပါပဲ။ သော်ကြီးတို့အဖွဲ့ခိုးလို့ အမှုဖွင့်ခံရတယ်ဆိုတဲ့နေရာမှာ သော်ကြီးတို့အဲကုမ္ပဏီမှာအလုပ်လုပ်နေရင်း အမှားအယွင်းဖြစ်သွားလို့ ပစ္စည်းတန်ဖိုးနှစ်ဆပြန်လျော်ရတယ်ဆိုတဲ့အကြောင်းလေး အစားထိုးထားလိုက်တယ်။ ကျန်တာကတော့ အမှန်တကယ် အကြောင်းစုံပါပဲလေ။
"သားရာ...ဒီလိုဆိုလည်း ပွင့်ပွင့်လင်းလင်းပြောမှပေါ့...မင်းအမေ မင်းကိုမဆုံးမထားဘူးလား ဟမ်"
"အဖေနော်...ကျွန်တော်တို့လုပ်တာအမေဘာမှမသိဘူး...အမေ့ကိုစွဲမထည့်နဲ့....မဟုတ်ဘူး အဖေ့ပါးစပ်ကနေ အမေဆိုတဲ့စကားကိုမထွက်နဲ့...ရဲစခန်းအပ်မယ်ဆိုလည်း အပ်ဗျာ...ထောင်ထဲမှာသွားနေမယ်"
"တေဇော...တေဇော...ပြန်ထိုင်လိုက် ငါပြောမယ်"
ဒေါသတကြီး ထိုင်ရာက ထပြီး သူ့အဖေနဲ့ယှဉ်ရန်ဆောင်နေတဲ့တေဇောကို အမြန်တားရသေးတာ။ သူတို့မိသားစုအတွင်းရေးကို နားလည်ပေမဲ့ ကျွန်တော်တို့ကြောင့်နဲ့တော့ ဟိုကောင်တွေပါ အထဲရောက်ကုန်လို့တော့မဖြစ်ဘူးလေ။
"တောင်းပန်ပါတယ် ဖေဖေ...တေဇောက"
"မင်းငါ့ကို ဖေဖေလို့လာမခေါ်နဲ့!!!"
ESTÁS LEYENDO
Ficción GeneralFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...