Unicode...
"၄၅၀၀ ယူ" (သော်ကြီး)
ကျွန်တော် ပေါင်တစ်ဖက်ပေါ် မုန်စိမ်းပေါင်းကိုတင်ထားရင်း လက်တစ်ဖက်တည်းနဲ့ သော်ကြီးပေးတဲ့၅၀၀၀တန်ကိုယူပြီး အအမ်း၅၀၀ပြန်ပေးလိုက်တယ်။
ဆိုင်မှာလူကျနေချိန်မို့ စားဖိုမှူးခခနဲ့ငထွန်းတို့ ရှေ့ကိုထွက်မလာနိုင်တဲ့အချိန်ပေါ့။ သော်ကြီး၊ ဝဏ္ဏနဲ့ မြတ်သူတို့လည်း အော်ဒါတွေနဲ့ကိုလက်မလည်။
ကံကောင်းတာက မုန့်စိမ်းပေါင်းလေးက ငြိမ်နေတာပဲ။ မဟုတ်ရင် ဒီကလေးကိုအနောက်ကနေတကောက်ကောက်လိုက်ပြီး ထိန်းနေရရင် နေ့ချင်းဆိုသလို အင်းဝကိုကန်ထုတ်မိလောက်တယ်။
အင်း...ပြီးတော့ မုန့်စိမ်းပေါင်းလေက လာဘ်ကောင်လေး။ သူလေးရောက်လာချင်းမှာတင် ဆိုင်မှာလူကျတာ လက်ကိုမလည်တဲ့အဖြစ်လေ။ နေ့လည်၁နာရီကျော်တဲ့အထိ ကျွန်တော်တို့ နေ့လည်စာမစားရသေးတာကိုပဲကြည့်။
အယ်...အဲလိုဆိုမှမေ့နေတာ။ မုန့်စိမ်းပေါင်းလေးကိုလည်း ထမင်းမကျွေးရသေးဘူးရော်။
"သားလေး...ဗိုက်ဆာပြီလား"
ကျွန်တော့်ပေါင်ပေါ်ခွထိုင်ပြီး သူ့ကိုပွေ့ထားတဲ့လက်မောင်းကို အကူအညီအနေနဲ့ဆုပ်ကိုင်ထားတဲ့ မုန့်စိမ်းပေါင်းလေးက ကျွန်တော့်ကိုမော့ကြည့်ပြီး ခေါင်းညိတ်ပြတယ်။
"သား ဗိုက်ရှာပြီ ဖေဖေ"
ဖေဖေ...။ ဒီနာမ်စားလေးက ကျွန်တော့်ရင်ထဲ နွေးခနဲပဲ။ ချက်ချင်းဆိုသလို ပီတိပြုံးလေးဖြစ်ပေါ်လာတာ သတိထားမိပါရဲ့။
မနေ့ညက သော်ကြီးရယ်၊ မုန့်စိမ်းပေါင်းလေးရယ်၊ ကျွန်တော်ရယ် သုံးယောက်အတူတူအိပ်ဖြစ်ကြတယ်။ အိပ်ရာဝင်ခါနီးမှာ သော်ကြီးက သားလေးကိုပုံပြင်ပြောပြရင်း ကျွန်တော်တို့ကိုဘယ်လိုခေါ်ရမယ်၊ ဘယ်လိုဆက်စပ်ပါတယ်ဆိုပြီး ရှင်းပြတယ်။ မုန့်စိမ်းပေါင်းလေးကလည်း စိတ်ဝင်တစားနားထောင်ရှာတယ်။ သော်ကြီးရဲ့စကားပြောကောင်းတဲ့မွေးရာပါစွမ်းရည်ကလည်း အထောက်အကူပြုပေးတာပေါ့။
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...