Unicode...
ဆိုင်မှာ လူကျချိန်ဖြစ်လို့ အကုန်လုံးအလုပ်ရှုပ်နေကြတယ်ပေါ့။ ညနေစောင်းတော့မှ လူရှင်းသွားတော့တယ်။ အဲကျမှ ကျွန်တော်တို့လည်း ထမင်းစားရတော့တာ။
"ခခ စားလေ"
"ပင်ပန်းလွန်းလို့ မစားနိုင်တော့ပါဘူးဟယ်"
ဟုတ်တော့လည်းဟုတ်ပါတယ်။ တစ်မနက်လုံး မီးဖိုဘေးချက်ပြုတ်ရတာဆိုတော့လည်း ပင်ပန်းနေမှာပေါ့။
"သော်ကြီး မြန်မာနှစ်ပုလင်းလောက်သွားဝယ်ချေ သွား"
ကျွန်တော့်စကားကြောင့် ငါးကောင်လုံး ဘလင်းဘလင်းတွေကိုဖြစ်လို့။ သော်ကြီးကလည်း ဒါမျိုးကျနှစ်ခါခိုင်းစရာမလိုဘူး။ ချက်ချင်းတန်းထွက်သွားတယ်။
ဘီယာဆိုင်မှာ~~~
"မြန်မာနှစ်ပုလင်းနဲ့ ဘူးတစ်ဘူးပေး"
ဟဲဟဲ။ ဒါမျိုးက အခွင့်ကောင်းလေ။ အသုံးမချတတ်ရင် သော်ကြီးဘယ်ဟုတ်တော့မလဲ။ အရင်ဆုံး ဘူးတစ်ဘူးကုန်အောင်သောက်ပြီးမှ ပုလင်းတွေဆွဲပြီး ပြန်ခဲ့လိုက်တယ်။
ဆိုင်ရောက်တော့ ဟိုလေးကောင်မရှိဘူး။ တေဇောကလည်း မျက်စိမျက်နှာပျက်လို့။ ဘေးမှာက ရဲနှစ်ယောက်လည်းရှိနေတယ်။
"ဘာဖြစ်ကြတာလဲ"
ကျွန်တော့်စကားတောင်မဆုံးလိုက်ဘူး။ ရဲနှစ်ကောင်က ကျွန်တော့်လက်ကိုနောက်ပြန်ချုပ်လိုက်တယ်။
"သူတို့နဲ့ ခဏလိုက်သွားလိုက် သော်ကြီး...ပြီးရင် ငါလိုက်ခဲ့မယ်...ဟိုမှာ ဦးတာလည်းရှိတယ်"
ကျွန်တော်လည်း အူကြောင်ကြောင်နဲ့ ပါသွားတော့တယ်။ အကျိုးအကြောင်းလည်း မသိရပါဘဲ။
ရဲစခန်းမှာ~~~
ဪ...ဟိုကောင်တွေက ကြိုရောက်နေတာကိုး။ သုခနဲ့ ဦးတာက သံတိုင်တွေကြားကနေ ချစ်ကြိုးသွယ်နေကြတယ်။ ကျွန်တော်လည်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို အချုပ်ခန်းထဲရောက်သွားတယ်ပေါ့။
"ဦးတာ...ဘယ်လိုဖြစ်တာလဲ"
"ဟိုတစ်ခါ မင်းတို့ဇယားလေ...export companyကိစ္စ...မင်းတို့ကို သံသယရှိပါတယ်ဆိုပြီး သက်သေတွေနဲ့ အမှုလာဖွင့်တယ်...စခန်းကလုပ်မပေးဘူးဆို တရားရုံးတက်မယ်ဆိုလို့ ငါလက်ခံလိုက်တာ...ခုလောလောဆည်တော့ သူတို့ကျေနပ်အောင် ဒီထဲမှာပဲ နေလိုက်ဦး...ငါညှိကြည့်ပေးမယ်"
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...