Unicode...
ဦးထွဋ်တင်ရဲ့အိမ် နံနက်စာဝိုင်း~~~
"သားတို့...အဖေလိုက်မပို့နိုင်တာတော့ စိတ်မကောင်းဘူး...အဖေလည်းအလုပ်နဲ့..သားငယ်လည်း ကျောင်းတစ်ဖက်နဲ့ဆိုတော့ သားတို့ဘာသာ အေးဆေးလည်ကြပေါ့"
"ရပါတယ် အဖေ...မဟုတ်လည်း ကျွန်တော်လမ်းတွေသိတယ်ရယ်"
"အေးပါအေးပါ"
ဒါနဲ့ပဲကျွန်တော်တို့ မနက်ခင်း လျှောက်လည်လိုက်သေးတယ်။ လည်တယ်ဆိုတာထက် ဝိုင်ကောင်းကောင်းတွေ လိုက်ရှာတာပေါ့။ ဟိုကောင်တွေမလာခင် ကြိုရှာထားရတာ။ သူတို့ကိုတိုက်ဖို့တော့မဟုတ်ဘူး။ သူတို့မလာခင် သော်ကြီးနဲ့နှစ်ယောက်တည်း ဝိုင်လေးသောက်လိုက် ရုပ်ရှင်လေးကြည့်လိုက်လုပ်မလို့ ဟဲဟဲ။ မင်္ဂလာဆောင်တုန်းက ဟန်းနီးမွန်းမထွက်ရတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့ဗျာ။
နေ့ခင်းဘက် ကျွန်တော်တို့တည်းတဲ့အိမ်ဆီ ဝိုင်ပုလင်းတွေသွားထားပြီး ရုပ်ကိုအတတ်နိုင်ဆုံးဖြူဖတ်ဖြူရော်ဖြစ်အောင် ခခဆီက အနည်းအကျဉ်းတတ်ထားတဲ့ပညာလေးနဲ့ လက်တည့်စမ်းလိုက်တယ်။ ပြီးတော့ အဖေ့အိမ်ကိုထပ်သွားရော။ အိမ်မှာ ဒေါ်မာလာတစ်ယောက်ပဲ ရှိနေတဲ့အချိန်ပေါ့။
"ဟယ် သားတို့ ဘာဖြစ်လာတာလဲ"
"ဟို တေဇောက နေပူလို့ထင်တယ်...ခေါင်းတွေမူးလာလို့တဲ့...ဟိုဘက်အိမ်ကဝေးတာနဲ့ မပြန်နိုင်တော့လို့ ဒီကိုဝင်လာခဲ့တာ...အန်တီ စိတ်မရှိပါနဲ့နော်"
"ရပါတယ်...အပေါ်ထပ်မှာ သားလေးအခန်းရှိတယ်...အဲထဲမှာ ခဏသွားနားလိုက်သွား...မိကျုတ်ရေ...သံပုရာရည်လေးဖျော်ပေးလိုက်ပါဦး"
** ဒီလိုနဲ့ တေဇောတစ်ယောက် တယိမ်းတယိုင် ဟန်ဆောင်မူယာပိုလို့ သော်ကြီးကိုတွဲပြီး အပေါ်ထပ်တက်ခဲ့လိုက်တယ်။ နောက် သော်ကြီးကတော့ အောက်ထပ်ပြန်ဆင်းပြီး အစီအစဉ်အတိုင်း ဒေါ်မာလာနဲ့ အရွှန်းဖောက်ကြတယ်။ **
မိကျုတ်ဆိုလား...သူလာပို့တဲ့သံပုရာရည်လေးသောက်ပြီး ဟိုကောင်အရက်တံဆိပ်အခန်းထဲ လျှောက်ကြည့်သေးတယ်။ အချိန်ယူရမယ်လေ။ သော်ကြီးက အောက်ထပ်မှာအိုကေပြီဆိုမှ အဖေ့အခန်းဖြစ်တဲ့အောက်ထပ်ခန်းကို ကြောင်ခြေသံနဲ့သွားရမှာ။
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...