Unicode...
** ဆယ်တန်းအောင်စာရင်းထွက်မဲ့နေ့...။ ဝဏ္ဏနဲ့မြတ်သူတို့ အရုဏ်တက်ချိန် မန္တလေးကနေ မေမြို့ကိုတက်ကြတယ်။ **
ဝဏ္ဏနဲ့ ကျွန်တော်မနက်စောစောစီးစီး မိုးမလင်းခင်ပဲ မေမြို့ကိုတက်လာခဲ့ကြတာ။ အခု ဒီကောင့်ရဲ့ကလေး အောင်စာရင်းကပ်မဲ့ကျောင်းရှေ့မှာပေါ့။ လူတွေလည်းပြွတ်သိပ်နေတာများ အသက်ရှူတောင်ကြပ်မတတ်။
ဟိုကောင်လေးဇေမင်းနိုင်တော့ ခုထိမတွေ့သေးဘူး။ သူလည်းသူ့အပူနဲ့သူဆိုတော့ ဒီဘက်ကိုလာနိုင်ဦးမယ်မထင်။ ဝဏ္ဏကတော့ လက်ပိုက်ရက်ကြီး စိတ်လှုပ်ရှားစွာ ရပ်နေပေမဲ့ ကျွန်တော်ကတော့ အိပ်ချင်နေတာပဲသိတာမို့ ဆိုင်ကယ်ရပ်ထားတဲ့နေရာမှာ ဆိုင်ကယ်ကြီးမှီပြီး အိပ်ရကောင်းမလားစဉ်းစားမိတယ်။
"ကြာတာကွာ...ဟေ့ကောင်မင်းလည်း အိပ်ချင်နေတာမလား...ရော့ စတိုးဆိုင်မှာ စူပါကလင်ဖြစ်ဖြစ်သွားဝယ်ကွာ"
ဝဏ္ဏက တစ်ထောင်တန်တစ်ရွက်ထုတ်ပေးတယ်။ ကျွန်တော်လည်း မတုံ့မဆိုင်း လှမ်းယူပြီး အိပ်ချင်မူးတူးနဲ့ပဲ အနီးအနားက စတိုးဆိုင်တစ်ခုဆီ လှမ်းခဲ့တယ်ပေါ့။ ဆိုင်ရှေ့က စားပွဲခုံလေးမှာ Bluemountainဘူးစိမ်းလေးတွေ အစီအရီချထားတာတွေ့တော့ မျက်ခုံးပင့်လိုက်သေးတယ်။ အဆင်သင့်လှချည်လားလို့တွေးမိတာပါ။
"အန်တီရေ...ဘလူးမောင်တိန် စူပါကလင်နှစ်ဘူးလောက်...ဘယ်လောက်လဲ"
ဆိုင်စောင့်နေတဲ့အဒေါ်ကြီးက ကုလားထိုင်ကနေထလာရင်း ပြန်ဖြေတယ်။
"1000 သား"
ဟမ့်...။ တစ်ဘူးကို၅၀၀ပေါ့။ ဈေးတင်လိုက်တာနော်။ ဒီနေ့အောင်စာရင်းထွက်တဲ့နေ့မို့များလား။ ဈေးသည်တွေဆိုသည်မှာလည်း ဆယ့်နှစ်ရာသီလုံး အကြောင်းပြချက်မျိုးစုံနဲ့ ဈေးဖင်ဆောင့်ပြီး ပွဲလယ်မှာရောင့်တက်နေတော့တာ။
ဈေးသည်အန်တီကြီးက ဘာကိစ္စအနောက်ဘက်ထွက်သွားတယ်မသိဘူး။ အိပ်ချင်နေတာရော၊ ကျိန်ဆဲရတာရောကြောင့် မစောင့်ချင်တော့တာနဲ့ 1000တန်တစ်ရွက်စားပွဲပေါ်တင်လိုက်ပြီး ရှေ့မှာတန်းစီထားတဲ့ ဘူးနှစ်ဘူးဆွဲယူလာလိုက်တယ်။
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...