Unicode...
"မင်းက ဘယ်လိုထင်လို့လဲ"
သော်ကြီးကမေးတော့ ကျွန်တော်ဘယ်လိုပြန်ဖြေရမှန်းမသိတော့ဘူး။ မျက်နှာတည်ကြီးတွေနဲ့ ကြောက်လာပြီဗျ။
"မင်းတို့ဂိုဏ်းနာမည်က ဘာလဲဟင်"
ကျွန်တော်တွေ့လိုက်တာတော့ တက်တူးတွေက ကြွက်လိုလိုပူးလိုလိုနဲ့။ ကြွက်ဂိုဏ်းတို့ ပူးဂိုဏ်းတို့တော့ မဖြစ်နိုင်ဘူးမလား။
"သော်ကြီး...ဒီကောင် ဒါတော့လွန်သွားပြီ"
ဝဏ္ဏကလှမ်းပြောတယ်။
"ဟုတ်တယ် ဟေ့ကောင်...သူခိုးလို့သိထားတာပဲ လွန်လှပြီ"
ငထွန်းဆိုတဲ့ကောင်လည်း ဝင်ထောက်ပြန်တယ်။
"မင်းအကောင်ကို သေချာနှုတ်မပိတ်နိုင်ရင် ငါတို့ကပိတ်ပေးရလိမ့်မယ် သော်သော်"
ဟင်...ခခက မထင်ရဘူးနော်။
"ဒီအတိုင်းလွှတ်ထားတော့မှာလား သော်ကြီး"
စကားနည်းလှတယ်ဆိုတဲ့ မြတ်သူကပါ ဝင်ပါတယ်။
အခြေအနေက တကယ်မဟန်တော့ဘူး။ အမေရေ အမေ့သား လူရွေးမှားပြီထင်တယ်။
"ငါ ငါဘယ်သူ့မှပြန်မပြောတတ်တာ မင်းတို့လည်းသိသားပဲ...ဘာဖြစ်လဲ...မင်းတို့ဘာသာ သူခိုးဖြစ်ဖြစ် မာဖီးယားဖြစ်ဖြစ်...ငါပြောဘူး"
ကျွန်တော် ပါးစပ်ကို လက်နဲ့ပိတ်ပြီး ခေါင်းတယမ်းယမ်းလုပ်နေရတယ်။ ဘေးကသော်ကြီးက အားကိုးရလောက်ပါတယ်။ ပြောတော့ ကျွန်တော့်ကို ဘာမှမဖြစ်စေရဘူးတဲ့။ အခုသင်းက အပေါက်ကြီးပိတ်နေလေရဲ့။
"ဟေ့ကောင်တွေ တော်ကြပါတော့ကွာ...ဒီမှာတုန်နေပြီ"
အခုမှ ကျွန်တော့်ပခုံးကိုဖက်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းတယ်။ အစတည်းက လုပ်သင့်တာကို။ သော်ကြီးရဲ့စကားအဆုံးမှာ အကုန်လုံး ဝါးခနဲနေတာပဲ တစ်ဖွဲ့လုံး ရယ်ကြတယ်။ ကျွန်တော်ကတော့ ဘုမသိ ဘမသိ အူလည်လည်လေးနဲ့ လိုက်ကြည့်နေရတာပေါ့။
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...