Unicode...
"ဘာဖြစ်လာတာလဲ သုခ"
"အကောင်နှစ်ကောင်ပူးနေတာ တွေ့လာတာ...ရေလေးတိုက်ပါဦး ငါ့ကို"
"ဟားဟား...ရောက်နေကြပြီလား ရတော့မယ်ထင်တယ် ကြည့်ဦး"
"ရနေပါပြီ...မုန့်ဖက်သွားဝယ်တဲ့ကောင်တွေ မုန့်ဖက်ဖြစ်သွားပြီလားမသိဘူး...
ဖယ်ဖယ်...ကြက်ဥတွေထည့်ရဦးမယ်"ဒီနှစ်ကောင်က ငါ့ရှေ့မှာပဲ တမင်လုပ်ပြနေလား မသိပါဘူး။ ဘဲမရလို့ စိတ်ညစ်ရတဲ့ကြားထဲ အတွဲတွေပဲတွေ့နေရတာ ကျိန်စာမိနေတာလား မှတ်ရတယ်။ လောကကြီးကမတရားဘူး။ ခက မွေးကတည်းက gayလာတာ အခုထိဘဲမရသေးဘူး။ မနေ့တစ်နေ့ကမှ ကွေးသွားတဲ့အကောင်က ဘဲရသွားတယ်။
အခုလည်း ကြည့်ပါဦး။ အကုန်လုံးက ကိုယ်စီအလုပ်ရှုပ်နေကြတာ။ သင်းတို့နှစ်ကောင်က သာယာနေလေရဲ့။ ပြောလည်းမပြောရဲဘူး။ ဘုန်းသော်ဇင်ဆိုတဲ့ကောင်ကို ကြောက်ရသေးတယ်။ သူဒေါသထွက်ရင် ဏဏတို့ရမ်းတာလောက်က သူအီးပေါက်သလောက်ပဲလေ။
ဪ...ငါ့နှယ် အဖေ့မျက်နှာကြည့်နေရတာနဲ့တင်မလုံလောက်ဘူး။ အခု ပထွေးမျက်နှာပါ ကြည့်ရတော့မယ်။
မုန့်ဟင်းခါချက်နေရတာ သက်သေပဲ။ အရင်ကဆို အခုလိုအိမ်မှာ လုပ်စားကြတယ်ဆိုတာရှားတယ်။ လုပ်ငန်းပြီးလို့ ခိုးရာပါတွေရောင်းပြီး အကုန်ပြီးစီးကုန်ပြီဆိုမှ စုဖွဲ့စားကြ သောက်ကြတာ။ ဒါတောင်တစ်ခါတလေမှ ကိုယ်တိုင်လုပ်ကြတာပါ။ ပုလင်းသုံးလုံးလောက်ဝယ် ဆိုင်ကပါဆယ်ဆွဲပြီး ဝိုင်းကြတာချည်းပဲ။ အခုများတော့ သင်းရည်းစားရတဲ့အထိမ်းအမှတ်နဲ့ ချက်ပြုတ်နေရလေရဲ့။ ပြီးတော့ အကူအညီလည်းမရ။
နောက်တစ်ခုက ဟိုအကောင်။ သူများသမီးရည်းစားတွေဆိုလေ ဘဲကမလုပ်နဲ့ပြောလည်း ရပါတယ် အချင်းချင်းကူညီရမှာ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ တားနေတဲ့ကြားက ဝိုင်းကူဝိုင်းလုပ်ပေးကြတာလေ။ အခုသင်းက ထိုင်ရာကနေ ထမလာတော်။
နှစ်ကောင်သားက စိတ်တူကိုယ်တူပါပေ့။ ပြီးရင် တစ်ဖြဲနှစ်ဖြဲ စားပြကြပါလိမ့်မယ်။ အဲကျမှ ခခလက်ရာလေးက ကောင်းလိုက်တာလို့ လာပြောရင် နင်တို့နှစ်ကောင်ကို နောက်ဘဝကျ ၃၁ဘုံလုံးမှာ မကျင်လည်နိုင်အောင် မေတ္တာပို့ပေးလိုက်မယ်။
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...