Unicode...
"ဟမ်"
"အာ ဆောရီး"
ကျွန်တော် မျက်လုံးမပြူးဘဲမနေနိုင်ဘူး။ ခုန ကိုယ်တော်ချောက ဘာတောင်းဆိုလိုက်တာ။ ကျွန်တော်ပဲ နားကြားမှားသလား။ မရွံသွားဘူးဆိုလို့ ဝမ်းသာနေတာကို သိကြားမင်းဖင် တက်ဆောင့်အောင်လုပ်ပြီ။ တေဇော တေဇော...အက်ဆီးဒန့်ဖြစ်ပြီးမှ ဆန်းတွေထနေလိုက် အဟီး....။
"ဆောရီး ငါမပြောလိုက်သင့်"
အွန့်...
ဟီးဟီး။ ပြောလိုက်သင့်ပါတယ် သော်ကြီးရေ။ ငါက ဒါမျိုးစောင့်နေတာ မင်းမသိလေရော့သလား။
ဆိုတော့ ကျွန်တော်လည်း သူ့စကားမဆုံးခင် ကျွန်တော့်နှုတ်ခမ်းနဲ့သူ့နှုတ်ခမ်းကို ထိကပ်လိုက်တယ်ပေါ့။ အဲတော့ ကျွန်တော့်ကိုယ်တော်ချောက ကျွမ်းကျွမ်းကျင်ကျင်ပဲ တုံ့ပြန်လာတယ်။ မထင်ထားဘူး။ သူခိုးစုတ်က အဲလောက်နမ်းတတ်လိမ့်မယ်လို့။ သူကျွန်တော့်ကိုအလွှတ်မပေးသလို ကျွန်တော်လည်း အလွှတ်မခံချင်ပေါင်။ နှုတ်ခမ်းကဒဏ်ရာကစပ်ပေမဲ့ သူ့အနမ်းတွေက အင်မတန်ချိုတယ်။ သိပ်ပြင်းတယ်။ လူလိုပဲ အလွန်ဆွဲဆောင်မှုရှိတယ်။
တဖြည်းဖြည်းနဲ့ သူ့ရဲ့လျှာဖျားလေးက အနာလေးကိုတို့ထိပြီး ကျွန်တော့်ရဲ့လျှာကို လာထိတယ်။ ဒီအခိုက်အတန့်လေးမှ မမိန်းမောမိရင် ကျွန်တော်ဟာ တေဇောရာဇမဟုတ်တော့သလို သူကလည်း ကျွန်တော်နှစ်သက်မိသူမဖြစ်နိုင်ဘူး။ အစကတော့ မဖြစ်ပေါ်သေးတဲ့သံယောစဉ်လေးကို ဖြတ်တောက်ဖို့ကြိုးစားပေမဲ့ ကံတရားက ကျွန်တော်တို့ရဲ့ရေစက်ကို လာစမ်းသပ်တယ်။ မင်းနိုင်ပါတယ် ကံကြမ္မာကြီး။
ငါ သူ့ကို ပိုပြီးပိုပြီး စွဲလမ်းမိပြီ။ နှစ်သက်နေမိပြီ။ သူ့ရဲ့အကြည့်စူးရှရှတွေ၊ မာကြောလှတဲ့ အသံဩဩ၊ အမှတ်မထင် ဂရုစိုက်မှုတွေ၊ မိန်းမောဖွယ်ကောင်းတဲ့အနမ်းတွေက လူဆိုးသူခိုး၊ ရာဇဝတ်သားဆိုတဲ့ မကောင်းတဲ့ဖြစ်တည်မှုတွေကို အနိုင်ပိုင်းလိုက်နိုင်တယ်။
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...