❄️One❄️

53.4K 2.1K 122
                                    

(Unicode)

"ကျွန်တော်တို့ ဒီထုတ်ကုန်အသစ်ကိုသာ သေချာလုပ်ပြီး တင်သွင်းမယ်ဆို အကျိုးအမြတ်တွေအများကြီးရမှာသေချာပါတယ်"

ထိုစကားအဆုံး အစည်းအဝေးခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး လူကြီးများက တစ်ယောက်နဲ့တစ်ယောက် တီးတိုးစွာဆွေးနွေးနေကြသည်။ ခဏကြာမှ လူတစ်ယောက်က ထပြောသည်။

"အကျိုးအမြတ်တွေကို အသေးစိတ်ပြောပြီး ထုတ်ကုန်ကို အသေးစိတ်ပြောပေးနိုင်မလား မစ္စတာကင်"

ထိုလူ၏ စကားကြောင့် မစ္စတာကင်ဆိုသူက ဘယ်ကစပြောရမှန်း မသိတော့။ ရှေ့ဆုံးခုံတွင် ထိုင်နေသော ဖခင်ဖြစ်သူ ကင်ဒုံဂျွန်းကို လှမ်းကြည့်တော့လည်း သက်ပြင်းတစ်ချက်ချကာ မျက်နှာလွှဲသွားသည်နှင့်သာ ရင်ဆိုင်လိုက်ရသည်။

"အခုလို မသေချာ မရေရာတဲ့ ကိစ္စမှာ ကျုပ်မပါနိုင်ပါဘူး မစ္စတာကင်"

မေးခဲ့တဲ့ လူကြီးက မတ်တတ်ထရပ်ရင်းပြောကာ အစည်းအဝေးခန်းထဲက ထွက်သွားလေသည်။ ကျန်လူများကလည်း တီးတိုး တီးတိုးနဲ့ ပြောကာ ထထွက်သွားကြသည်။

စာချုပ်မချုပ်နိုင်ဘူး၊ ရှယ်ယာမသွင်းနိုင်ဘူး ဆိုပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြရာ သားအဖနှစ်ယောက်ပဲ အခန်းတွင်းကျန်ခဲ့သည်။

ဖခင်ဖြစ်သူ ကင်ဒုံဂျွန်းက ထိုင်ရာကနေ လေးပင်စွာ ထလာရင်း သားဖြစ်သူ ကျောပြင်လေးကို အသာ ပုတ်လိုက်သည်။

"မင်းအပြစ်မဟုတ်ပါဘူး ထယ်ယောင်း၊ ငါတို့ သေချာမပြင်ဆင်ရသေးဘဲ အစည်းအဝေးခေါ်မိသွားတာ"

"အခုဘယ်လိုလုပ်ကြမလဲ၊ ကျွန်တော်တို့ဘက်မှာ ရှယ်ယာဝင် တစ်ယောက်မှ မရှိတော့ဘူး၊ ဒီပုံအတိုင်းဆို ကုမ္ပဏီက ဒေဝါလီခံရတော့မှာ"

"တစ်ခုခုတော့ ပေးဆပ်ရမှာပဲ"

"ကျွန်တော် ကုမ္ပဏီ ပြန်အဆင်ပြေဖို့ ဘာမဆို လုပ်မယ် အဖေ"

ထယ်ယောင်းစကားကြောင့် ဒုံဂျွန်း ထယ်ယောင်းကို ငေးကြည့်နေမိသည်။ ငယ်စဉ်ကတည်းက ဝါသနာတွေကို စွန့်ပြီး စီးပွားရေးမေဂျာတက်ကာ ဘွဲ့ရခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးလောကထဲမှာပဲ နေလာရကာ စီးပွားရေးကသာ ဘဝဖြစ်နေတာကြောင့် အရာရာစွန့်လွှတ်ရန် အသင့်ဖြစ်နေပုံရသည်။

Marriage Isn't Love [Completed]Where stories live. Discover now