❄️Twenty - Eight❄️

8.3K 809 31
                                    

(Unicode)

ထယ်ယောင်းအဖေဖြစ်သူ ကင်ဒုံဂျွန်း ဆေးရုံက ဆင်းလာတာ သုံးရက်ခန့်ရှိပြီဖြစ်သည်။ အံ့ဩဖို့ကောင်းစွာ ကျန်းမာပြီး လမ်းမလျှောက်နိုင်တာကလွဲလို့ အကောင်းအတိုင်းပင်။

ဝှီးချဲကိုလည်း သူကိုယ်တိုင်သာ လက်ကိုအသုံးပြုပြီး ဘီးနဲ့ သွားသည်။ ကုမ္ပဏီမှာလည်း ပုံမှန်အတိုင်းပင် လုပ်သည်။ ထယ်ယောင်းက တားသော်လည်း ဒုံဂျွန်းက စိတ်ဓာတ်မာသူမို့ အရင်လောက် မလုပ်နိုင်တော့ပေမဲ့ လုပ်နိုင်သလောက်လုပ်နေဆဲ။

ဂျောင်ဂုသည်လည်း အနည်းငယ်တော့ လုပ်ငန်းသဘောကို အတော်အတန်နားလည်လာပြီဖြစ်သည်။ ထယ်ယောင်း ရုံးခန်းနဲ့ ကပ်လျက်မှာ ဂျောင်ဂုအတွက် ကိုယ်ပိုင်ရုံးခန်းလေးရှိလာပြီဖြစ်သည်။

ကုမ္ပဏီတစ်ခုလုံးက ပုံမှန်အတိုင်း မြန်မြန်ဆန်ဆန်လည်ပတ်နိုင်လာသည်။

"အကုန်ပြီးသွားပြီ"

ဂျောင်ဂုက ထယ်ယောင်းရုံးခန်းတံခါးကိုဝုန်းခနဲဖွင့်ပြီး လက်ထဲက စာရွက်တွေကို မြှောက်ပြရင်းပြောသည်။ ပြီးမှ အခန်းထဲဝင်လာကာ ဆိုဖာပေါ်ထိုင်နေတဲ့ ထယ်ယောင်းဘေးနားမှာ ဝင်ထိုင်ရင်း အလုပ်လုပ်နေသော ထယ်ယောင်းပုခုံးပေါ် ခေါင်းလေးလာမှီသည်။

"မြန်လိုက်တာ တကယ်အကုန်ပြီးသွားတာလား"

ထယ်ယောင်းက တအံ့တဩမေးကာ ဂျောင်ဂုလက်ထဲက စာရွက်တွေကို ယူပြီး ကြည့်လိုက်သည်။

"ဂျွန် ဒါ..ဒါတွေက"

"ကျွန်တော်က တော်ပါတယ်ဆို တွေ့လား၊ မြန်လည်းမြန်တယ်"

"အမှားတွေချည်းပဲ"

‌ထယ်ယောင်းစကားကြောင့် ဂျောင်ဂုနှုတ်ပိတ်သွားကာ စာရွက်တွေကို ပြန်ကြည့်သည်။ စိတ်မကောင်းဖြစ်သွားပုံရတဲ့ ဂျောင်ဂုကြောင့် ထယ်ယောင်းလည်း ဂျောင်ဂုဆံပင်လေးကို အသာဖွပေးကာ

"ဘာမှမဖြစ်ပါဘူး၊ လူတိုင်းအစပိုင်းမှာတော့ မှားကြတာပဲမဟုတ်လား"

ဂျောင်ဂုကတော့ သက်ပြင်းတစ်ချက်ချပြီး ခေါင်း‌ကိုလေးတွဲစွာခါရင်း

Marriage Isn't Love [Completed]Where stories live. Discover now