❄️Twenty - Seven❄️

8.3K 815 31
                                    

(Unicode)

စုံစမ်းမှုအရ သေဆုံးသူက ချွဲမင်ဆူဖြစ်ကြောင်း အတည်ပြုနိုင်ပြီဖြစ်သည်။ နှစ်ရက်ခန့်အကြာမှာ အေဂျင်စီက ပြောချက်အရ ချွဲမင်ဆူနဲ့ အတူ သူ့မန်နေဂျာပါ အရက်တူတူသွားသောက်ကြသည်။ ဒါပေမဲ့ မန်နေဂျာကသာ ပြန်ရောက်ပြီး ချွဲမင်ဆူကမူ ပြန်မရောက်ပေ။ အခုမှ သေဆုံးမှန်း သိရခြင်းဖြစ်သည်ဟုပြောသည်။ မန်နေဂျာကို မေးကြည့်တော့လည်း မန်နေဂျာက ဘာမှမသိဘူးဟုသာ ငြင်းသည်။

ချွဲမင်ဆူရဲ့ မိသားစုကိုလည်း လျော်ကြေးပေးစေပြီးသာ ကြေအေးလိုက်သည်။ တရားရုံးတွေ ဘာတွေနဲ့ ရှုပ်ရှုပ်ယှက်ယှက်လည်း မဖြစ်ချင်တော့။

ထယ်ယောင်းအဖေလည်း ကောင်းကောင်းကျန်းမာလာသည်။ ဆေးပိုက်များ ပတ်တီးများပင် ဖြုတ်၍ရနေပြီဖြစ်သည်။ ဂျောင်ဂုရဲ့ အဖေနဲ့အမေက ဒုံဂျွန်းအတွက် ဝှီးချဲတစ်ခု ဝယ်ပေးသည်။ ထယ်ယောင်းက ငြင်းသော်လည်း အတင်းပေးတာကြောင့် မငြင်းရက်တော့။

နောက်ရက်ဆို ဆေးရုံပင်ဆင်းလို့ရနေပြီဖြစ်ကြောင်းလည်း ဆရာဝန်က ပြောသည်။ လမ်းမလျှောက်နိုင်တော့တာက လွဲလို့ အကုန်လုံး အဆင်ပြေသည်။

ထိုကိစ္စတွေကြောင့် ကုမ္ပဏီလည်း ခဏရပ်တန့်သွားပြီး ရှယ်ယာရှင်တွေလည်း စိတ်တိုကြပြန်သည်။ အဲ့ဒါကြောင့် ဂျောင်ဂုကပဲ မလုပ်တတ်လုပ်တတ်နဲ့ ဦးစီးနေရတာကြောင့် အလွန်ပင်ပန်းသည်။

အဖေဖြစ်သူပြောခဲ့တဲ့ အင်္ဂလန်ကို သွားပြီး သင်တန်းတက်ရမယ်ဆိုတဲ့အချက်ကို ဂျောင်ဂု တဖြည်းဖြည်းနားလည်လာသည်။ မဟုတ်ရင် တသက်လုံး ခုလိုပဲဖြစ်နေမှာ။ ထယ်ယောင်းအတွက်လည်း အားကိုးရတဲ့ သူတစ်ယောက် ဖြစ်ချင်သည်။ ဒီပုံစံအတိုင်းဆို မလွယ်။

ဂျောင်ဂု ဆေးရုံခုံတန်းလေးပေါ်မှာထိုင်ရင်း အတွေးတွေများနေ‌တုန်း။ ဝှီးချဲလေးတွန်းကာ အနားရောက်လာတဲ့ ထယ်ယောင်း။ ဝှီးချဲပေါ်မှာတော့ ကင်ဒုံဂျွန်း။

ဂျောင်ဂုလည်း ချက်ချင်းမတ်တတ်ထရပ်လိုက်သည်။

"ဘယ်သွားကြမလို့လဲ"

"အဖေက လေကောင်းလေသန့်ရှူချင်တယ်ဆိုလို့ အပြင်ခဏထွက်လိုက်ဦးမယ်"

Marriage Isn't Love [Completed]Where stories live. Discover now