❄️Twenty❄️

10.7K 1K 101
                                    

(Unicode)

"ဂျောင်ဂု... ရေခဲမုန့်ဝယ်ကျွေးလို့"

မနက်ကတည်းက နေ့လည်ခုချိန်ထိ ဒါပဲ တဖွဖွပြောနေတဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂု စိတ်ရှုပ်လာသည်။ ပုံမှန်ဆို ပြေးဝယ်ပေးလိုက်ချင်ပေမဲ့ မနက်ဖြန်ဆို ထယ်ယောင်း ကိုယ်တိုင် အစည်းအဝေးမှာ စကားဦးဆောင်ပြောရမှာမို့ ‌လည်ချောင်းနာတာ ချောင်းဆိုးတာတွေ ဖြစ်နေရင် ဒုက္ခ။

ဒါပေမဲ့လည်း ဘယ်လောက်ပဲ ရှင်းပြရှင်းပြမရ။ လိုချင်တာကို မရရအောင် ပူဆာသည်။

"ရေခဲမုန့်လို့"

"မနက်ဖြန် အစည်းအဝေးပြီးတာနဲ့ ဝယ်ကျွေးမယ်လေ"

ဂျောင်ဂုက ထယ်ယောင်းပါးလေးကို အသာလေးဆွဲရင်း ချော့ပြောသည်။ ထယ်ယောင်းကတော့ မျက်နှာတင်းလျက်သာ။

"မနက်ဖြန် မစားချင်တော့ရင် ဘယ်လိုလုပ်မလဲ၊ အခုစားချင်တာ အခု"

"ချောင်းဆိုးလိမ့်မယ်"

"မ‌ဆိုးစေရဘူး ကတိ"

သူ့လက်သန်းလေးကို ဂျောင်ဂုလက်သန်းမှာ လာချိတ်ရင်းပြောတော့ ဂျောင်ဂုပြုံးမိသည်။ ချောင်းဆိုးလား မဆိုးလား ကြိုသိတာကျလို့။

"ကတိပေးလည်းမရဘူး၊ အစ်ကို့အတွက်ပြောတာပါ၊ ရှယ်ယာရှင်တွေကြားထဲမှာ တဟွတ်ဟွတ်ဖြစ်ချင်ရင်တော့ စားလေ"

အဲ့တော့မှ ထယ်ယောင်းငြိမ်ကျသွားကာ နှုတ်ပိတ်သွားသည်။ ကျေနပ်ပုံတော့မရ။ အဲ့ဒါကိုသိတဲ့ ဂျောင်ဂုကလည်း ထယ်ယောင်းနားကို အနည်းငယ်တိုးထိုင်ကာ ထယ်ယောင်းကိုယ်လုံးလေးကို ရင်ခွင်ထဲထည့်လိုက်သည်။ ထယ်ယောင်းကမူ မရုန်း။

"ရေခဲမုန့်စားချင်လို့ပါဆို"

လက်လေးနှစ်ဖက်ကို ပွတ်ရင်း တစ်ယောက်ထဲ ပြောနေသလိုလိုနဲ့ အသံထွက်ပြောသော ထယ်ယောင်းရယ်။

"ဟုတ်ပါပြီ နောက်‌နေ့မှ ကျွန်တော် အများကြီး ဝယ်ကျွေးမယ် ဟုတ်ပြီလား"

ဂျောင်ဂုစကားကြောင့် ထယ်ယောင်း မျက်လုံးလေးတွေ လက်ခနဲ ဖြစ်သွားပြီး ရင်ခွင်ထဲကနေ ဂျောင်ဂုကို မော့ကြည့်သည်။

Marriage Isn't Love [Completed]Where stories live. Discover now