❄️Twenty - Four❄️

11.9K 954 105
                                    

(Unicode)

အိပ်ရာနိုးနိုးချင်း မျက်လုံးနှစ်လုံးပွင့်တာနဲ့ တစ်ကိုယ်လုံး နုံးချိနေသလို ခံစားရသည်။ ကျောဘက်မှ ခပ်နွေးနွေး အထိအတွေ့ကြောင့် ထယ်ယောင်း အနောက်ကို အသာလှည့်လိုက်ရာ သူ့အား သေချာကြည့်နေသော ဂျောင်ဂုရယ်။

နောက်မှ သတိထားမိတာက ဂျောင်ဂု လက်မောင်းပေါ်တွင် ခေါင်းအုံးကာ အိပ်နေခြင်းဖြစ်သည်။

"နိုးနေရင် ငါ့ကို နှိုးလိုက်ပေါ့၊ လက်ညောင်းနေတော့မှာပဲ"

ထယ်ယောင်းက ဂျောင်ဂု လက်မောင်းပေါ်ကနေ ခေါင်းလေးအသာဖယ်ရင်းပြောသည်။ ဂျောင်ဂုကတော့ အသာပြုံးကာ ထယ်ယောင်းကိုယ်လုံးလေးကို ရင်ခွင်ထဲပြန်ထည့်ရင်း

"ကျွန်တော်လှုပ်လိုက်တာနဲ့ အစ်ကိုနိုးသွားမှာပေါ့၊ ညကအရမ်းပင်ပန်းထားတယ်မလား၊ အစ်ကိုလည်းအရမ်း နာ..."

"ဘာလို့အဲ့ဒါတွေ ပြန်ပြောနေတာလဲ ရှက်ဖို့ကောင်းအောင်"

ဂျောင်ဂုစကားမဆုံးသေးဘဲ ရှက်ရှက်နဲ့စကားဖြတ်ပြောတဲ့ထယ်ယောင်းရယ်။ ပြီးတော့ စောင်လေးနဲ့ မျက်နှာကို မသိမသာလေးအုပ်နေသေးသည်။

အရှက်သည်းနေတဲ့ ထယ်ယောင်းကို ဂျောင်ဂုလည်း ထပ်မစတော့ဘဲ အိပ်ရာက ထရန်ပြင်သည်။ ဂျောင်ဂုထတော့ ထယ်ယောင်းကပါ လိုက်ထသည်။

"ကျွန်တော် ချီပြီး ရေချိုးခန်းထဲ ပို့ပေးရမလား"

ဂျောင်ဂုစကားကြောင့် ထယ်ယောင်းပါးလေးနှစ်ဖက်မှာ ခရမ်းချဉ်သီးလေးကဲ့သို့ ရဲတက်လာသည်။ လူကို လမ်းမလျှောက်နိုင်တော့လောက်အောင် ပျော့မယ်ထင်နေလား?

"မလိုပါဘူး"

ထယ်ယောင်းလည်း ဂျောင်ဂုကို မျက်စောင်းတစ်ချက်ထိုးကာ အိပ်ရာပေါ်က ဆင်းပြီး ရေချိုးခန်းထဲ ဝင်သွားတော့သည်။

အိပ်ရာက ထတဲ့အချိန်က နေ့လည် ၁၁နာရီခန့်ရှိနေပြီဖြစ်သည်။ ထယ်ယောင်းက ကမ်းခြေသွားချင်တယ်ဟု ပူဆာပြန်တာကြောင့် နေ့လည်စာစားပြီး နှစ်ယောက်သား sunset ကြည့်လို့ကောင်းမဲ့ ကမ်းခြေအား ထွက်လာခဲ့သည်။

Songjeong ကမ်းခြေ။
ကမ်းခြေက ခပ်သေးသေးသာဖြစ်သည်။ ရေများက ကြည်လင်၍ သဲများကဖြူဖွေးသန့်ပြန့်ကာ လှပသည်။ ဘူဆန်ရှိ အပန်းဖြေဖို့ ကောင်းသော ကမ်းခြေတစ်ခုဖြစ်သည်။

Marriage Isn't Love [Completed]Where stories live. Discover now