❄️Twenty - Five❄️

9.2K 859 23
                                    

(Unicode)

မနက်စောစောပင် ဘူဆန်ကထွက်လာတာကြောင့် မနက် ၉နာရီ၊ ရုံးတက်ချိန်မှာပဲ ဆိုးလ်ကိုရောက်သည်။ ထယ်ယောင်းက အိမ်ပြန်ပြီးမနားသေးဘဲ ကုမ္ပဏီကို အရင်သွားကာ အဖေနဲ့ တွေ့ချင်သည်ဆိုတာကြောင့် ဂျောင်ဂုလည်း ကုမ္ပဏီကိုသာ တန်းမောင်းလာလိုက်သည်။

အဖေဖြစ်သူက ဖုန်းဆက်တာမကိုင်လို့ ထယ်ယောင်းမှာ တစ်ယောက်ထဲ စိတ်ကောက်နေသေးတာ။

ကုမ္ပဏီရောက်တာနဲ့ အဖေဖြစ်သူ ရုံးခန်းဆီကိုသာ တန်းတန်းသွားလိုက်သည်။ Park Group နဲ့စာချုပ်ချုပ်တာ အောင်မြင်တဲ့အကြောင်းပြောပြီးပေမဲ့ အတူတူပျော်ချင်သေးတာကြောင့်ဖြစ်သည်။ သို့သော်လည်း မတွေ့။

မန်နေဂျာကိုမေးကြည့်မှ Entertainment တစ်ခုတွင် brand ambassador သွားစုံစမ်းကြောင်းသိလိုက်ရသည်။

ရောက်ရောက်ချင်း အဖေဖြစ်သူကိုမတွေ့တော့ ဝမ်းနည်းသွားပုံပေါ်တဲ့ ထယ်ယောင်းက ဂျောင်ဂုမျက်လုံးထဲ ချစ်စရာကောင်းနေသည်။ ကျောင်းကပြန်လာတဲ့ ငါးနှစ်သားလေးက အိမ်က အမေကိုလိုက်ရှာနေတဲ့ပုံစံ။

"ခဏစောင့်ကြတာပေါ့၊ အစ်ကို့အဖေက ခုလောက်ဆို အစည်းအဝေးပြီးတော့မှာပါ၊ ဖုန်းမကိုင်တာကလည်း အစည်းအဝေးရှိနေလို့နေမှာပေါ့"

"အင်း ဟုတ်မှာပါ"

ထယ်ယောင်းလည်း အလုပ်တွေနဲ့သာ ပိနေသူမို့ ကုမ္ပဏီထဲတောင် သေချာလိုက်မကြည့်ဖြစ်တာ ကြာလှနေပြီ။ ဒါကြောင့် section တွေကို လိုက်ကြည့်နေသည်။ နောက်က ဂျောင်ဂုကလည်း အတွင်းရေမှူးပမာ လိုက်ရတာပေါ့။

ထယ်ယောင်းရောက်လာရင် အရိုအသေထပေးတာကလွဲလို့ အားလုံးက တရင်းတနှီးနှုတ်ဆက်ကြသည်။ ခက်တာက ဝန်ထမ်းတွေက ထယ်ယောင်းကိုမကြောက်။ ထယ်ယောင်းကလည်း အထက်လူကြီးသာဖြစ်တာ တရိုတသေပြန်ဆက်ဆံနေတာကြောင့်လည်းပါမည်။

"သူဌေး သူဌေး"

ခေါ်သံကြောင့် အနောက်ကို အလန့်တကြားလှည့်ကြည့်ရာ အသဲအသန်ပြေးလာတဲ့ မန်နေဂျင်းဒါရိုက်တာ။

"ဘာ..ဘာဖြစ်လာတာလဲ"

"သူ..သူဌေး ခုလေးတင် ဆေးရုံကဖုန်းဆက်တာ ဟို..ဟို"

Marriage Isn't Love [Completed]Where stories live. Discover now