❄️Thirty❄️

8.1K 804 53
                                    

(Unicode)

မနက် ၆နာရီ။
အင်္ဂလန်သို့ သွားရမဲ့ အချိန်နီးနေ‌ပြီဖြစ်သည်။ ဂျောင်ဂု အဝတ်အစားလဲနေသည်ကို ထယ်ယောင်းလည်း ဧည့်ခန်းမှာထိုင်ကာ စောင့်နေမိသည်။

ဘယ်လောက်မှ မကြာလိုက် ‌အပေါ်ထပ်မှ ဆင်းလာသံကြားတာကြောင့် လှည့်ကြည့်လိုက်ရာ ဂျောင်ဂု၊ Long Coat အညိုရောင်လေး ဝတ်ထားတာကြောင့် ပုံမှန်ထက် ချောပြီး ခန့်ညားနေသည်။  အထဲက အဖြူရောင် ရှပ်အင်္ကျီရယ်၊ ဘောင်းဘီရှည်အနက်ရယ်။ ဆံပင်မညှပ်ဖြစ်သည်မို့ နဖူးတစ်ဝိုက်မှာ ဆံပင်မျှင်မျှင်လေးများက ဝဲကျနေသည်။

ဂျောင်ဂုမျက်နှာအား ကွယ်နေသော ထိုဆံပင်လေးများကို ထယ်ယောင်းက လက်နဲ့အသာသပ်တင်ပေးလိုက်သည်။

"ဂျွန်ဂျောင်ဂု ကြည့်ကောင်းနေတာပဲ"

ထယ်ယောင်းက အပြုံးလေးနဲ့ ချီးကျူးသော်လည်း ဂျောင်ဂုကမူ မျက်နှာတည်နဲ့သာ။

"ဘာဖြစ်နေတာလဲ၊ ပြုံးပြုံးလေး နေလေ"

"ကျွန်တော် ဘယ်လိုပြုံးနိုင်မှာလဲ၊ အစ်ကိုနဲ့ ခွဲနေရမှာကို"

ဂျောင်ဂုစကားကြောင့် ထယ်ယောင်းခဏတာ နှုတ်ဆိတ်သွားသည်။ ပြီးမှ အနည်းငယ်ပြုံးကာ ဂျောင်ဂုလက်ကိုဆွဲရင်း

"သွားရအောင် လေ‌ယာဉ်နောက်ကျနေဦးမယ်"

ထယ်ယောင်းက ဂျောင်ဂုလက်အား ဆွဲကာ ခေါ်သွားတော့ ဂျောင်ဂုမှာ သံပတ်ပေးထားသော စက်ရုပ်ပမာ ထယ်ယောင်းနောက်လိုက်သွားသည်။

ဂျောင်ဂုက ပုံမှန်ဆို ကားမောင်းနေကျဖြစ်သော်လည်း ဒီနေ့တော့ ထယ်ယောင်းသာ မောင်းသည်။ ဂျောင်ဂုက သွားရမဲ့သူမဟုတ်လား။

"အစ်ကိုပါ လိုက်ခဲ့ပါလား"

ကားမောင်းနေစဉ် ဂျောင်ဂုရဲ့ အသံခပ်တိုးတိုး ထွက်လာသည်။ ဂျောင်ဂုစကားကြောင့် ထယ်ယောင်းသက်ပြင်းတစ်ချက်ချမိသည်။ မလွယ်တဲ့ ကိစ္စမဟုတ်လား။

"ဂျွန်ကလည်းကွာ၊ လိုက်ခဲ့ချင်တာပေါ့၊ ဒါပေမဲ့ ငါက ဒီမှာ လုပ်စရာတွေအများကြီးရှိနေတော့ အဆင်မပြေဘူးလေ"

ထယ်ယောင်းစကားကို ဂျောင်ဂုက ခေါင်းတဆတ်ဆတ်သာ ငြိမ့်ပြသည်။ ဘာမှပြန်မပြောဖြစ်။ လမ်းတလျှောက်လုံးလည်း ကိုယ့်အတွေးနဲ့ကိုယ် ဘာမှသိပ်မပြောဖြစ်ကြ။

Marriage Isn't Love [Completed]Where stories live. Discover now