❄️Twenty - Six❄️

8.2K 836 41
                                    

(Unicode)

လွန်ခဲ့သော ၁၅ မိနစ်ခန့်။

ဂျောင်ဂုလည်း ထယ်ယောင်းအဖေဘေးမှာ ထိုင်စောင့်နေမိသည်။ ထယ်ယောင်း ဘယ်သွားလဲဆိုတာ အတိအကျမသိပေမဲ့ အမှုအတွက် သွားတာဖြစ်နိုင်တာကြောင့် ဘာမှ ဝင်မပြောတော့ပေ။

ထိုအချိန်တွင် ထယ်ယောင်းအဖေထံမှ အသံခပ်တိုးတိုးထွက်လာသည်။

"ရေ...ရေ"

ဂျောင်ဂုလည်း တုန့်ဆိုင်းမနေဘဲ ရေတစ်ခွက်ခပ်ပေးလိုက်ပြီး အပြင်က မိဘတွေကို ဆရာဝန်သွားခေါ်စေသည်။

"မစ္စတာကင် သတိရလာပြီလား"

ဂျောင်ဂု အသံကြောင့် ဒုံဂျွန်းလည်း အားယူကာ မော့ကြည့်သည်။

"အာ..ဂျောင်ဂုပဲ၊ ဒါနဲ့ ထယ်ယောင်းရော"

"ဟုတ်သားပဲ ကျွန်တော် ဖုန်းဆက်ခေါ်လိုက်ပါမယ်"

ဂျောင်ဂု ထယ်ယောင်းကို ဖုန်းဆက်ပြီးတာနဲ့ ဒုံဂျွန်းက အသာပြုံးကာ

"ထယ်ယောင်းကို ချစ်ပေးတာကျေးဇူးတင်ပါတယ်"

ဒုံဂျွန်းစကားကြောင့် ဂျောင်ဂုကလည်း တစ်ချက်ပြုံးလိုက်သည်။

"ဒါက ကျွန်တော့် ရွေးချယ်မှုဖြစ်လို့ ကျေးဇူးတင်စရာမလိုပါဘူး၊ အစ်ကို့ကို ကျွန်တော် တကယ်ချစ်တာပါ"

"သိတယ်၊ သိလို့လည်း ကျေးဇူးတင်ရတာပါ၊ ဒီကြားထဲ မင်းကိုပါ ဒုက္ခပေးသလိုဖြစ်သွားတာတွေအတွက်လည်း ‌တောင်းပန်ရင်းပေါ့"

"မဟုတ်တာ၊ ကျွန်တော့်အတွက် ဒုက္ခရယ်လို့မရှိပါဘူး"

ဂျောင်ဂုရဲ့ အဖြေကြောင့် ဒုံဂျွန်း ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ပြုံးသည်။

"ထယ်ယောင်းအမေက ထယ်ယောင်းလေးကို မွေးပြီးတာနဲ့ ဆုံးသွားခဲ့တော့ မိတဆိုးလေးဆိုပြီး အများကြီးဂရုစိုက်ခဲ့တာ၊ ထယ်ယောင်းတစ်ယောက်ထဲကို ကြည့်ပြီး နောက်အိမ်ထောင်လည်းမပြုခဲ့ဘူး၊ ဘာမှသိပ်မရှိတဲ့ဘဝကနေ ထယ်ယောင်းအတွက်ဆိုပြီး ကုမ္ပဏီကို ကြီးသထက်ကြီးအောင် လုပ်ပေးခဲ့ပေမဲ့ ထယ်ယောင်းခံစားချက်တွေကို ထည့်တွက်ဖို့မေ့သွားခဲ့တယ်၊ သူ့အတွက်အချိန်မပေးနိုင်ခဲ့တာတွေရောပေါ့"

Marriage Isn't Love [Completed]Where stories live. Discover now