❄️Nine❄️

12.6K 1.2K 29
                                    

(Unicode)

"ကင်ထယ်ယောင်း"

အစည်းအဝေးခန်းထဲက ထွက်ထွက်ချင်း အဆူမခံရအောင် ရုံးခန်းထဲ ခပ်သွက်သွက်သွားပါတယ်ဆိုမှ အနောက်ကနေ အမှီလိုက်လာပြီး လေသံမာမာနဲ့ ခေါ်လိုက်တဲ့ ဒုံဂျွန်းအသံကြောင့် ထယ်ယောင်း ခြေလှမ်းတွေ ရပ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်သည်။

အနားရောက်မှ ဒုံဂျွန်းက ထယ်ယောင်းကို မျက်မှောင်ကုတ်ကာ တည့်တည့်ကြည့်ရင်း

"မင်း ဘာတွေလုပ်နေတာလဲ အစည်းအဝေးခန်းထဲမှာ စကား‌များတာ ကောင်းလား ပြော"

ဒုံဂျွန်းစကားကို ထယ်ယောင်းက မပွင့်တပွင့်လေသံနဲ့ ပြန်ပြောသည်။

"သူက လိုက်မှ နားမထောင်တာ"

"အဲ့လိုဆိုလည်း နောက်မှ အချင်းချင်းပြောလေ၊ အခုက ရှယ်ယာရှင်တွေအများကြီးရှေ့မှာ မရှက်ဘူးလား၊ မင်းက ကုမ္ပဏီပိုင်ရှင်ဆိုတာလည်း သိထားဦး ငါသေရင် မင်းပဲ ဦးစီးရမှာ"

ဒုံဂျွန်းစကားအဆုံး ထယ်ယောင်း ဘာမှ ပြန်မပြောတော့ဘဲ ခေါင်းသာ ငုံ့နေသည်။ တစ်ခါမှ ခုလို မပြောဖူးတော့လည်း ပြောပြီးမှ ဒုံဂျွန်းလည်း စိတ်မကောင်း။ ဒါကြောင့် လေသံကို ‌ပြန်လျှော့လိုက်ရသည်။

"အခန်းထဲဝင်တော့ ခဏနေရင် အဖေ့ရဲ့ အတွင်းရေးမှူးက စာရင်းချုပ်တွေ လာပေးလိမ့်မယ် အဲ့ကျမှ စစ်လိုက် ဟုတ်ပြီလား"

ဒုံဂျွန်းစကားကို ထယ်ယောင်းက ခေါင်းသာငြိမ့်ပြလိုက်ပြီး ရုံးခန်းထဲ ဝင်လာလိုက်သည်။ ညက လုပ်ခဲ့တဲ့ စာရင်းတွေ ပြန်စစ်နေတုန်း ရုံးခန်းတံခါးလေး ဖြည်းညင်းစွာပွင့်လာကာ ဂျောင်ဂု ဝင်လာသည်။ လက်ထဲမှာလည်း အငွေ့တလူလူထွက်နေတဲ့ စီးကရက်ရဲရဲ။ အခန်းထဲဝင်လာတာနဲ့ စားပွဲပေါ်က ပြာခွက်ထဲ စီးကရက်ကို ထည့်ချေလိုက်သည်။

"ငါ့ရုံးခန်းထဲ မသောက်နဲ့လို့ပြောထားတယ်မဟုတ်ဘူးလား"

ထယ်ယောင်း စိတ်တိုနေတာကြောင့် ရှေ့တည့်တည့်မှာ မုန်းလှပါတယ်ဆိုတဲ့ စီးကရက်ကိုကိုင်ထားသော ဂျောင်ဂုကို အော်မိသည်။ ဂျောင်ဂုကလည်း မခံပါ။

Marriage Isn't Love [Completed]Where stories live. Discover now