❄️Three❄️

16.5K 1.5K 78
                                    

(Unicode)

"သူတို့ကုမ္ပဏီ အခြေအနေဘယ်လိုလဲ"

ဂျောင်ဂု အိမ်ထဲဝင်လိုက်တာနဲ့ အဖေဖြစ်သူ ဟန်ဆူရဲ့ မေးခွန်းနဲ့ ချက်ချင်း ရင်ဆိုင်ရသည်။ အမှန်အတိုင်းပြောရရင် အဲ့ကိစ္စတွေ တစ်လုံးမှ နားမလည်။ ဒါပေမဲ့လည်း..

"အဆင်ပြေပါတယ် အဖေ"

ဂျောင်ဂုစကားကြောင့် ဟန်ဆူလည်း ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း

"ကောင်းပြီ ဒါဆို သွားနားတော့၊ မင်းအမေကိုလည်း ပြန်ရောက်တဲ့အကြောင်းပြောလိုက်ဦး"

"ဟုတ်"

ဂျောင်ဂုက ဟုတ်တစ်လုံးသာ ဖြေပြီး အိတ်ကပ်ထဲက စီးကရက်နဲ့မီးခြစ်ကိုထုတ်ကာ မီးညှိလိုက်သည်။ ထိုမြင်ကွင်းကို ဟန်ဆူကမြင်တော့ သက်ပြင်းတစ်ချက်ချကာ

"မင်းဆေးလိပ်တွေ အခုထဲကဖြတ်ထားရင်ကောင်းမယ်၊ ထယ်ယောင်းက အနံ့တောင် မခံနိုင်ဘူးလို့ကြားတယ်နော်"

"သူအနံ့မခံနိုင်တာလေ၊ ကျွန်တော်က ခံနိုင်တယ်"

"မင်းသောက်မှတော့ သူပါ အနံ့ရမှာပေါ့၊ နည်းနည်းပါးပါး အားနာစိတ်လေးမွေးပါဦး"

"သူ့ဘာသာ အနံ့မခံနိုင်ရင် နှာခေါင်းပိတ်ထားလိမ့်မယ်ဗျာ"

ဂျောင်ဂုက ထိုသို့ပြောကာ စီးကရက်ကို ဖွာလိုက်ရင်း သူ့အိပ်ခန်းဆီ ဦးတည်သွားသည်။ ငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံးရဲ့ အလိုလိုက်မှုကို ခံထားရတာကြောင့် အခုချိန်မှာပြောလို့လည်းမရတော့။

ဂျောင်ဂုအခန်းထဲ ဝင်လိုက်တာနဲ့ စားပွဲကိုဖုန်သုတ်နေတဲ့ မိခင်ကိုတွေ့လိုက်ရသည်။ ဂျောင်ဂုက သူ့အခန်းထဲ အပြင်လူဝင်တာ လုံးဝ မကြိုက်တာကြောင့် အိမ်ဖော်တွေ ဝင်ခွင့်မရှိ။ အဲ့တော့ သန့်ရှင်းရေးလည်း မလုပ်။ မနေနိုင်တဲ့ အမေကပဲ ဂျောင်ဂုအခန်းကို သန့်ရှင်းရေးလာလုပ်ပေးသည်။

"ဟာ.. အမေကလည်း ကျွန်တော် မလုပ်ပါနဲ့လို့ပြောထားတာကို"

ဂျောင်ဂုရဲ့ လေသံခပ်တင်းတင်းကြောင့် မိခင်ဖြစ်သူ မင်ဂျောင်က လှည့်ကြည့်သည်။

"အမေ မလုပ်တော့ သားကလုပ်လို့လား၊ အခန်းက ရှုပ်ပွနေတာကို"

Marriage Isn't Love [Completed]Where stories live. Discover now