❄️Seventeen❄️

11.3K 1K 79
                                    

(Unicode)

Kim Group Company တွင် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ချွဲမင်ဆူ၊ ကင်ထယ်ယောင်းနဲ့ ဂျွန်ဂျောင်ဂုတို့ နာမည်ရှိနေသည်။

ဝန်ထမ်းများက ပါတီမတက်ရသော်လည်း သတင်းဆိုတာ တောမီးပမာပြန့်တတ်သည်က ဓမ္မတာပင်။

ထယ်ယောင်းနဲ့ ‌ဂျောင်ဂုက လက်ထပ်ပြီးသွားပေမဲ့ မင်ဆူက ထယ်ယောင်းကို ဖွင့်ပြောခဲ့တာတွေ။ တစ်ချို့က ထယ်ယောင်းက လက်မခံတဲ့ဘက်က။ တစ်ချို့က ထယ်ယောင်းက ရှက်လို့ထွက်ပြေးသွားတယ်ဆိုတဲ့ဘက်က။ အမျိုးမျိုးအဖုံဖုံပင်။

ထယ်ယောင်းအဖေနဲ့ ဂျောင်ဂုမိဘတွေလည်း မျက်နှာတွေက မကောင်းကြ။ ဒီကိစ္စက ထယ်ယောင်းပေါ်မူတည်နေသည်။ ထယ်ယောင်းသာ မင်ဆူကို လက်ခံရင် ဂျွန်မိသားစုနဲ့စာချုပ်လည်းပျက်မည်။ မင်ဆူက ထယ်ယောင်းရဲ့ သိပ်ချစ်ရတဲ့ရည်းစားဟောင်းဆိုတာ အဖေဖြစ်သူဒုံဂျွန်းက သိထားလေတော့ စိတ်ပူမိသည်။

အရင်ဆို ကုမ္ပဏီကို စောစောရောက်နေကျ ထယ်ယောင်းက ခုထိ အရိပ်အယောင်တောင် မတွေ့ရသေးတာမို့ ပိုစိတ်ပူသည်။

ဒုံဂျွန်း အတွေးတွေထဲ ဗျာများနေစဉ် မျက်စိရှေ့သို့ အနွေးထည်အထူကြီးဝတ်ကာ လုံးတုံးလုံးတုံးပြေးလာသော သားတော်မောင်။

ထယ်ယောင်းမျက်နှာက နှင်းဒဏ်ကြောင့် ပန်းနုရောင် သမ်းနေသည်။ ကလေးဘဝတည်းက suit နဲ့သာ ကုမ္ပဏီကို လာနေကျထယ်ယောင်းကို အခုလို ပုံစံနဲ့ တွေ့လိုက်ရတော့ ဒုံဂျွန်းမှာ ပါးစပ်အဟောင်းသား။

"ထယ်ယောင်း... မင်းအင်္ကျီတွေ ဘာ‌ဖြစ်ကုန်တာလဲ"

"အာ.. ကျွန်တော် ဝတ်ဖို့ အချိန်မရှိခဲ့လို့"

"ဘာတွေများ အလုပ်ရှုပ်နေလို့လဲ"

ဒုံဂျွန်းအမေးကို ဘယ်လိုဖြေရမလဲတွေးနေစဉ် ထယ်ယောင်းဖုန်းလေးထဲ message ဝင်လာသည်။

'အစ်ကို.. လွမ်းတယ်၊ ကျွန်တော်ပါ လာခဲ့ရမလား❤️'

ဒီကောင်လေးကတော့။
မတွေ့ရတာ တစ်နာရီတောင် မပြည့်သေးတာကို။

"ဒါကြောင့်ကိုး"

ဒုံဂျွန်းဆီက အသံကြောင့် ထယ်ယောင်း သူ့ဖုန်းလေးကို အနောက်သို့ အမြန်ဖွက်လိုက်သည်။
ထယ်ယောင်း အပြုအမူကြောင့် ဒုံဂျွန်းမှာ အနည်းငယ် စိတ်သက်သာရာရသွားသည်။ မင်ဆူမဟုတ်ပဲ ဂျောင်ဂုဖြစ်နေတာကို မတော်တဆတွေ့လိုက်ရတယ်လေ။

Marriage Isn't Love [Completed]Where stories live. Discover now