❄️Five❄️

14.1K 1.3K 48
                                    

(Unicode)

နေ့လည် ၁၁ နာရီထိုးခါနီး အချိန်။
ထယ်ယောင်း သွားတိုက် ရေချိုး အကုန်လုပ်ပြီးပြီ၊ အခုလို နေ့လည်ထိ မအိပ်တာကြာတော့ ခေါင်းက အနည်းငယ်မူးသယောင်။ အလုပ်မလုပ်ရတော့လည်း လူက တစ်မျိုးကြီးဖြစ်လိုဖြစ်။

ပုံမှန် အစာမစားတဲ့ ရက်တွေလည်းဆက်တော့ ဗိုက်ကလည်း သိပ်မဆာ။

အဖေဖြစ်သူကတော့ အလုပ်သွားပြီမှန်းသိသည်။ အကူအညီလိုလား သိချင်တာကြောင့် ဖုန်းခေါ်လိုက်သည်။

တီ...တီ..

"အင်း ထယ်ယောင်း ဘာလဲ"

"ကျွန်တော် လာစရာလိုလား"

"မလိုဘူး ဒီနေ့နားလိုက်၊ မနက်ဖြန် မင်းကြည့်ကောင်းနေဖို့လိုတယ်"

ဟုတ်ပါသည်။ မနက်ဖြန် ဂျောင်ဂုနဲ့ လက်ထပ်ရတော့မည်။ ဒါပေမဲ့စီးပွားရေးအရလည်းဖြစ်၊ ကိုယ့်လူအချင်းချင်းတွေပဲ လာမှာဆိုတော့ ထယ်ယောင်း ရင်တောင်မခုန်။

"ဒါဆို အကူအညီလိုရင် ကျွန်တော့်ကို ဖုန်းဆက်လိုက် လာခဲ့မယ်"

"အင်း"

ဒုံဂျွန်းက အင်း တစ်လုံးပဲ ပြောပြီး ဖုန်းချသွားလေသည်။ ထယ်ယောင်းလည်း မူးနောက်နောက်ဖြစ်နေသော ခေါင်းကို အသာကိုင်ရင်း တစ်ခုခုစားရန် အခန်းပြင်ထွက်လာသည်။

ထယ်ယောင်း ထွက်လာတာနဲ့ ဧည့်ခန်းဆိုဖာမှာ မိန့်မိန့်ကြီး ထိုင်နေတဲ့ ဂျောင်ဂုကိုတွေ့ကာ မျက်လုံးပြူးခနဲ။

"မင်း..မင်း"

ထယ်ယောင်း ဘာမှမပြောနိုင်ဘဲ ဂျောင်ဂုကို လက်ညိုးထိုးရင်း ပါးစပ်အဟောင်းသားနဲ့ ကြည့်နေသည်။

"ဘာလဲ ဘာလို့ အဲ့လောက်ကြာနေတာလဲ
စောင့်နေရတာ ဗိုက်ဆာလို့သေတော့မှာပဲ"

ဂျောင်ဂုက မျက်မှောင်ကိုကုတ်ကာ လေသံမာမာနဲ့ပြောသည်။ ဘေးနားက အိမ်တော်ထိန်းအဒေါ်ကြီးကလည်း မျက်နှာငယ်လေးနဲ့

"သ..သခင်လေး.. ဂျောင်ဂုကို ကျွန်မ နေ့လည်စာ စားဖို့ပြောပေမဲ့ သခင်လေးနဲ့မှ စားမယ်ဆိုလို့ မပြင်ဆင်ပေးတာပါ ကျွန်မ တကယ်တောင်းပန်...."

Marriage Isn't Love [Completed]Where stories live. Discover now