❄️Twenty - Two❄️

11.3K 1K 48
                                    

(Unicode)

မနက် ၇နာရီ။
apron ဝတ်ကာမီးဖိုချောင်ထဲမှာ တကုတ်ကုတ်ချက်ပြုတ်နေသော ဂျွန်ဂျောင်ဂု။ ထယ်ယောင်းကတော့ ခုထိအိပ်ရာက မထသေးပေ။

တကယ်တော့ ထယ်ယောင်းက အိပ်ပုတ်ကြီးနေတာတော့ မဟုတ်ပါဘူး။ တစ်ညလုံး အလုပ်တွေ အဆက်မပြတ်လုပ်ပြီး မနက် ၅နာရီခွဲကာနီးမှ အိပ်ရာဝင်ခဲ့လို့ ခုထိ မနိုးသေးတာ ဖြစ်သည်။

ဂျောင်ဂုကလည်း ဂျွန်အိမ်‌တော်မှာကတည်းက မီးဖိုချောင်ထဲကို စားဖို့ကလွဲရင် ဝင်ဖူးတာမဟုတ်လေတော့ မချက်တတ်မပြုတ်တတ်။ ဒါပေမဲ့လည်း ထယ်ယောင်းအတွက် ချက်ရင်း အခုဆို စားဖိုမှူးလုပ်စားလို့ရနေလောက်ပြီ။

ထယ်ယောင်းကတော့ အိမ်ဖော်ခေါ်မယ်လုပ်သော်လည်း ဂျောင်ဂုက မခေါ်ခိုင်း။ ရှုပ်ရှုပ်ယှက်ယှက်တွေ မဟုတ်ပါလား။

ချက်ပြုတ်တာ ပြီးခါနီး လှေကားမှ ခြေသံလေးကြားတာကြောင့် ထယ်ယောင်း ဆင်းလာမှန်း ဂျောင်ဂုသိလိုက်သည်။ ထင်တဲ့အတိုင်းပင် မီးဖိုချောင်ထဲကို မျက်လုံးလေးပွတ်လျက် ဝင်လာသည်။

"အိပ်ရေးရော ဝလို့လား"

ဂျောင်ဂုအမေးကို ထယ်ယောင်းက ခေါင်းလေးပြန်ငြိမ့်ပြသည်။ ခေါင်းငြိမ့်ပြပေမဲ့ ခုထိ အိပ်ရေးဝပုံမပေါ်။ ဘယ်ဝမလဲ။

ထယ်ယောင်းကတော့ မျက်လုံးမပွင့်တပွင့်နဲ့ ဂျောင်ဂု‌ရင်ခွင်ထဲကို တိုးဝှေ့ဝင်လာသည်။

"အစ်ကို ဗိုက်ဆာ‌နေပြီလား ခဏလေးစောင့်နော်၊ ပြီးတော့မယ်"

"မဆာပါဘူး"

ခေါင်းလေးအသာရမ်းကာအဖြေပေးသည်။ တစ်ချက်တစ်ချက် ရင်ဘတ်ကို နှုတ်ခမ်းလေးနဲ့ လာလာထိသော ထယ်ယောင်းကြောင့် ဂျောင်ဂုမှာ အသက်ရှူကြပ်လာသလို။

"အစ်..အစ်ကို..ခဏလေး ကျွန်တော် ဒါလေး ပြီးအောင်ချက်ချင်လို့"

ဂျောင်ဂုက ထယ်ယောင်းကိုယ်လုံးလေးကို ကိုင်ကာ ကိုယ်ချင်းအနည်းငယ်ခွာလိုက်သည်။ ထယ်ယောင်းကတော့ အိပ်ချင်မူးတူးမျက်လုံးနဲ့ မော့ကြည့်ပြီး

"ငါဒီနေ့ ကုမ္ပဏီသွားလိုက်ဦးမယ်"

"ဘာသွားလုပ်မလို့လဲ"

Marriage Isn't Love [Completed]Where stories live. Discover now