❄️Eleven❄️

12.6K 1.1K 28
                                    

(Unicode)

လရောင်က တဖြည်းဖြည်းကျယ်ပြန့်လာကာ လမင်းကြီးက ကောင်းကင်မှာ ထိန်လင်းနေပြီ၊ နှင်းတိမ်တိုက်အချို့က လမင်းပတ်ပတ်လည်မှာ ဝန်းရံလျက်။

ညအမှောင်ထုနက်လေ အချမ်းဓာတ်ပိုလေ။

ပထမဆုံးနေ့မှာတင် နှင်းတွေ အများအပြားကျတာကြောင့် လမ်းပေါ်မှာ နှင်းတွေပြည့်နေသည်။ ကားလမ်းတွေလည်း ပိတ်ကုန်သည်။ ထယ်ယောင်းကတော့ အိမ်ပြန်ဖို့ တစ်ခွန်းမဟသေး။

နှင်းတွေကြားထဲ ငုတ်တုတ်ထိုင်ကာ ကလေးတစ်ယောက်သဖွယ် နှင်းလုံးလေးတွေလုပ်ကာဆော့နေသည်။ ထယ်ယောင်း ပျော်နေတာကြောင့် ဂျောင်ဂုလည်း အိမ်ပြန်ဖို့ တစ်ခွန်းမဟ‌ရသေး။ ချမ်းတာက တော်တော်ချမ်းနေပြီ။ ထယ်ယောင်းက ဂျောင်ဂုလက်ချက်နဲ့ အထူ‌ကြီးတွေဝတ်ထားလို့ ကိစ္စသိပ်မရှိပေမဲ့ သူ့မှာတော့ မာဖလာပင်မပါ။ ဗိုက်ကလည်းဆာနေပြီ။

ထိုအချိန်မှာပဲ ဂျောင်ဂုဆီ ဖုန်းတစ်ခုဝင်လာသည်။ ထယ်ယောင်းအဖေ ဒုံဂျွန်း။

"မစ္စတာကင်"

"ဂျောင်ဂုလား... ထယ်ယောင်းကိုဖုန်းဆက်တာ မကိုင်လို့ သူ‌ဘယ်ရောက်နေတာလဲ"

ဒုံဂျွန်းအသံက စိတ်ပူနေတဲ့အသံ။

"အစ်ကိုက ကျွန်တော့်ရှေ့မှာ"

"ဖုန်းတစ်ချက်လောက်ပေးလို့ရမလား"

"ဟုတ် ခဏလေးနော်"

ဂျောင်ဂုလည်း ထိုင်ခုံကနေထကာ ထယ်ယောင်းနားကို လျှောက်သွားလိုက်သည်။ အနားရောက်မှ ထယ်ယောင်းရှေ့ကို ဖုန်းလှမ်းပေးလိုက်သည်။

"အစ်ကို့အဖေ"

အဖေဆိုတာနဲ့ မျက်လုံးလေး အရောင်လက်သွားပြီး လက်ထဲက နှင်းတွေကိုချကာ ဖုန်းကို ချက်ချင်းလှမ်းယူသည်။

"အဖေလား"

"ကင်ထယ်ယောင်း ဘာလို့ဖုန်းမကိုင်တာလဲ"

"ဖုန်းက ကျွန်တော် အိမ်မှာကျန်ခဲ့လို့"

"အိမ်မှာကျန်ခဲ့တယ် ဟုတ်လား၊ မင်းက ဘယ်ရောက်နေတာလဲ"

"အပြင်မှာ နှင်းကျတာကြည့်ချင်လို့"

ထယ်ယောင်းစကားကြားမှ ဒုံဂျွန်း လေသံမာမာကနေ လျှော့ချလိုက်သည်။

Marriage Isn't Love [Completed]Where stories live. Discover now