❄️Sixteen❄️

12.2K 1.1K 43
                                    

(Unicode)

မနက် ၆နာရီထိုးဖို့ မိနစ်အနည်းငယ်အလို...
ဆောင်းရာသီမို့ ညတာရှည်ကာ အလင်းရောင်မှိန်ပျပျသာရှိသည်။ နှင်းတွေကလည်း အဆုပ်လိုက် အထွေးလိုက်ကျကာ လမ်းမတစ်လျှောက် ဖွေးနေသည်။

တစ်ညလုံး မအိပ်ပဲ ဂျောင်ဂုကို စောင့်နေမိတာကြောင့် မျက်ရိုးတွေကိုက်နေပြီဖြစ်သော်လည်း စောင့်နေဆဲပင်။ ပိတ်ထားသော ဖုန်းလေးကိုလည်း မျှော်လင့်ချက်နဲ့ အကြိမ်ကြိမ်ခေါ်နေသော်လည်း အော်ပရေတာရဲ့ အမျိုးသမီးအသံသာ ကြားရသည်။

ထိုအချိန်မှာပဲ ဂျောင်ဂုထံမှ message လေး တစ်စောင်ဝင်လာတာကြောင့် ထယ်ယောင်း အလန့်တကြားနဲ့ အမြန်ဖတ်ကြည့်လိုက်ရာ...

'ကျွန်တော် ဂျောင်ဂုသူငယ်ချင်း ချာအွန်းဝူပါ၊ ဂျောင်ဂုက ကျွန်တော့်အိမ်မှာ တစ်ညလုံးသောက်ပြီး ရှိနေတာမို့ စိတ်မပူပါနဲ့၊ စောစောမပြောပြမိတာ တောင်းပန်ပါတယ်၊ အချိန်ရရင် ကျွန်တော်နဲ့ နှစ်ယောက်ထဲ တွေ့လို့ရမလား'

ဂျောင်ဂုဖုန်းနဲ့ ပို့လိုက်ပုံရသော အွန်းဝူဆီက message ကြောင့် ထယ်ယောင်း အနည်းငယ် စိတ်သက်သာရာရပေမဲ့ ဂျောင်ဂုက သောက်ရလောက်အောင်ထိ အသဲအသန်ဖြစ်သွားတာကိုတော့ စိတ်မကောင်း။

အွန်းဝူလည်း တစ်ခုခုပြောစရာရှိလို့ပဲဆိုတဲ့ စိတ်နဲ့ တွေ့ဖို့သဘောတူလိုက်သည်။ ပြီးမှ အနွေးထည်ထူထူတစ်ထပ်ရယ် မာဖလာရယ်ဝတ်ကာ အွန်းဝူပြောတဲ့ ကော်ဖီဆိုင်လေးဆီ ကားနဲ့မောင်းထွက်လာခဲ့သည်။

ဆိုင်ထဲဝင်လိုက်တာနဲ့ အွန်းဝူက အသင့်ရောက်နေပြီးသားဖြစ်သည်။ ထယ်ယောင်းလည်း အသာပြုံးပြကာ အွန်းဝူထိုင်နေတဲ့ စားပွဲတွင်ဝင်ထိုင်လိုက်သည်။

အွန်းဝူက စားပွဲအလယ်က ကော်ဖီခွက်နှစ်ခွက်ထဲမှ တစ်ခွက်ကို ထယ်ယောင်းရှေ့ကို တိုးပေးလိုက်သည်။

"ဂျောင်ဂုရောဟင်"

ရောက်ရောက်ချင်း ဂျောင်ဂုကို တန်းမေးတဲ့ ထယ်ယောင်းကြောင့် အွန်းဝူအသာလေးပြုံးလိုက်မိသည်။

"ညက အရမ်းမူးနေတော့ အခု အိပ်ပျော်နေတယ်"

"သူများကို သွားပြီးဒုက္ခပေးနေရတယ်လို့"

Marriage Isn't Love [Completed]Where stories live. Discover now