❄️Fourteen❄️

11K 1K 27
                                    

(Unicode)

နှစ်ရက်လောက်ကြာတော့ ထယ်ယောင်း နေပြန်ကောင်းလာသည်။ ပါးလေးလည်း အနည်းငယ်ဖောင်းလာသ‌ယောင်။ ဂျောင်ဂုက အလုပ်မလုပ်ခိုင်းသေးဘဲ ညဘက်စောစောအိပ်ခိုင်းတာကြောင့်လည်း ပါသည်။

ဒီနေ့တော့ ထယ်ယောင်းက laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေလေပြီ။ ဒီနေ့မှ မလုပ်ရင် မရဘူးဆိုတာကြောင့် ဂျောင်ဂုလည်း ဘာမှပြောမနေတော့။ တစ်နေကုန် မျက်မှန်လေးတပ်ကာ laptop နဲ့ မျက်လုံး မခွာတာကြောင့် နဲနဲတော့ စိတ်ပူမိသည်။ အစာလည်း ဟုတ်တိ ပတ်တိမစားဘဲ အနည်းငယ်သာ စားပြီး ဝပြီဟုသာပြောသည်။

ညစာလည်း ဂျောင်ဂုတစ်ယောက်ထဲသာ စားနေရသည်။ ထယ်ယောင်းက ဗိုက်မဆာဘူးဆိုပြီး ဘာမှမစား၊ ဂျောင်ဂုအတင်းကျွေးလို့သာ ငါးလုတ်လောက် ဗိုက်ထဲဝင်သွားသည်။

၇ နာရီ‌ကျော်လောက်မှ ထယ်ယောင်း အလုပ်တွေအကုန် လုပ်လို့ပြီးသွားကာ အကြောတွေဘာတွေဆန့်နေလေသည်။

ထယ်ယောင်းပြီးသွားတာနဲ့ ဂျောင်ဂုလည်း အသင့်ထုတ်ထားပြီးသော ထယ်ယောင်းအနွေးထည်ကို ယူလာကာ ထယ်ယောင်းလက်ထဲထည့်ပေးလိုက်သည်။

"အစ်ကို တစ်နေရာသွားရအောင် လိုက်ခဲ့"

အနွေးထည်အထူကြီးဝတ်ပြီး တက်ကြွစွာပြောနေတဲ့ ဂျောင်ဂုကို ထယ်ယောင်းက ခေါင်းအစခြေအဆုံး ကြည့်လိုက်ရင်း

"ဘယ်သွားမလို့လဲ၊ အပြင်မှာနှင်းတွေအရမ်းကျနေတာလေ"

"နှင်းတွေအရမ်းကျနေလို့သွားမှာလေ လာပါမြန်မြန်"

ဒီတိုင်းဖျောင်းဖျနေရင် ပြီးမဲ့ပုံမပေါ်တာကြောင့် ထယ်ယောင်းလက်ကို ဆွဲကာ ထိုင်ရာမှထစေပြီး အပြင်ကိုဆွဲခေါ်သွားတော့သည်။

အိမ်အပြင်ရောက်တာနဲ့ အရိုးထဲထိစိမ့်နေအောင်ကို အေးသွားသည်။ ထယ်ယောင်းမှာ ခုထိ အနွေးထည်မဝတ်ရသေး။

"ငါခုထိ အနွေးထည်မဝတ်ရသေးဘူးလေ"

ထယ်ယောင်းကသာ လေသံမာမာနဲ့ပြောလိုက်တာ ဂျောင်ဂုကတော့ မျက်ခုံးတစ်ဖက်ပင့်ပြလိုက်ရင်း ကားရှိရာကို မေးဆတ်ပြသည်။

Marriage Isn't Love [Completed]Where stories live. Discover now