❄️Seven❄️

14.1K 1.3K 27
                                    

(Unicode)

"အား အစ်ကို.. ပစ္စည်းတွေ နဲနဲ ကူသယ်ချင်စိတ်မရှိဘူးလား"

ဂျောင်ဂု စိတ်ပျက်လက်ပျက်လေသံနဲ့ ထယ်ယောင်းကိုကြည့်ကာ ပြောမိသည်။

အဖြစ်က.. လက်ထပ်ပွဲပြီးတာနဲ့ ဂျောင်ဂုမိဘတွေနဲ့ ထယ်ယောင်းအဖေက နှစ်ယောက်လုံးကို နေရမဲ့ အိမ်ထိ လိုက်ပို့ပေးသည်။ ညကတည်းက အဆင်သင့်ထုတ်ပိုးထားတဲ့ ပစ္စည်းတွေ အပါအဝင်ဖြစ်သည်။

ဂျောင်ဂုနဲ့ မိဘတွေက ဘာမှ မဖြစ်သလောက် ထယ်ယောင်းမှာတော့ လူဆိုးကြီးလက်ထဲပဲ နေခဲ့ရတော့မလို ငိုမဲ့မဲ့နဲ့ အဖေဖြစ်သူ ဒုံဂျွန်းကို ဂျီကျနေတာနဲ့တင် နာရီဝက်၊ ဒုံဂျွန်းက ထယ်ယောင်းကို အမှာစကားခြွေတာက နာရီဝက်၊ အဲ့မှာ စုစုပေါင်း တစ်နာရီခန့်ကြာသည်။

မိဘတွေ ပြန်သွားပြီးတဲ့နောက်လည်း ထယ်ယောင်းမှာ အိမ်ထဲမဝင်သေးဘဲ ခြံထဲရှိ မြက်ခင်းပေါ်မှာ ဆောင့်ကြောင့်ထိုင်ကာ အသိစိတ်လွတ်နေတဲ့ လူတစ်ဦးပမာ။ အိမ်ထဲ မသွင်းရ‌သေးတဲ့ အထုတ်အပိုးတွေကို ဂျောင်ဂုတစ်ယောက်တည်းသယ်နေရသည်။

အထုတ်‌တွေနဲ့ အခန်းထဲရောက်ဖို့အရေး ခေါက်တုံ့ခေါက်ပြန်သွားရတာကလည်း မောလှပြီ။ ထယ်ယောင်းက တုတ်တုတ်မလှုပ်။

"ဂျွန်ထယ်ယောင်း သတိလေး ဘာလေးထားပါဦး"

ဒုတိယအကြိမ်ပြောလိုက်သော ဂျောင်ဂုစကားကြောင့် ထယ်ယောင်း ဆတ်ခနဲ ခေါင်းထောင်လာကာ ချက်ချင်း မတ်တတ်ထရပ်သည်။

"ငါ့နာမည် ကင်ထယ်ယောင်းပါဆို"

"ကင်ထယ်ယောင်းပဲဖြစ်ဖြစ် ဘာထယ်‌ယောင်းပဲဖြစ်ဖြစ် ကိုယ့်အဝတ်ထုတ်တော့ သယ်လိုက်ပါတော့ တောင်းပန်ပါတယ်"

စိတ်ပျက်လက်ပျက်လေသံနဲ့ ဂျောင်ဂုကပြောတော့မှ ထယ်ယောင်းလည်း ဘာမှပြန်မပြောတော့ဘဲ သက်ပြင်းတစ်ချက်သာချလိုက်ပြီး သူ့ရဲ့ အထုတ်ကို သယ်ကာ အိမ်ထဲဝင်သွားတော့သည်။

စဉ်းစားကြည့်... အထုတ်လေးထုတ်ကျန်တာကို တစ်ယောက်နှစ်ထုတ်မသယ်ပဲ တစ်ထုတ်ပဲသယ်သွားတဲ့ ထယ်ယောင်းကိုကြည့်ကာ ဂျောင်ဂုခေါင်းတခါခါနဲ့ နောက်ဆုံးကျန်တဲ့ အထုတ်သုံးထုတ်ကို တစ်ပြိုင်နက်ထဲသယ်ကာ ထယ်ယောင်းနောက်က လိုက်ဝင်သွားတော့သည်။

Marriage Isn't Love [Completed]Where stories live. Discover now